ဖုတ်ကောင်ကြီး ဦးကျင်ဟုပ်

နောင်ရိုး(မြန်မာပြည်သား)

200 Kyats ကျပ်
⚫ ဘုန်းကြီးကျောင်းသားဆိုပေမယ့် တခြား ဘုန်းကြီးကျောင်းသားတွေလို ရိုးသားကြိုးစားသူ မဟုတ်တဲ့ ဖိုးကံကောင်း။ နေရာတကာ ပါတယ်။ ဆရာကြီး လုပ်တယ်။ ညနေဆိုရင်လည်း ထန်းရည်ဆိုင် အမြဲရောက်တဲ့သူ။ သူ့ကိုတော့ ရွာရဲ့ချဉ်ဖတ်အဖြစ် သတ်မှတ်ထားကြတယ်။ ဖိုးကံကောင်းလိုပဲ ရွာမှာ ချဉ်ဖတ်နောက် တစ်ယောက်ရှိသေးတယ်။ သူကတော့ တရုတ်ကြီးဦးကျင်ဟုပ်။ ဦးကျင်ဟုပ်က ချစ်တီးကျသလို သူ့ဆီမှာ ငွေလာချေးတဲ့လူတွေကိုလည်း နိုင်ထက်စီးနင်း ဆက်ဆံတတ်တယ်။ တစ်ရက်တော့ ဦးကျင်ဟုပ်ကို လူနှစ်ယောက် လာသတ်သွားတယ်။ သူသေတော့ တစ်ရွာလုံး ပျော်ကြတာပေါ့။ ဦးကျင်ဟုပ် သိမ်းထားတဲ့ ပစ္စည်းတွေ ပြန်ရကြတော့မယ်ဆိုပြီး။ ဒါပေမယ့် ဦးကျင်ဟုပ်သေသွားတာ တစ်ရွာလုံးကို ဒုက္ခရောက် စေမယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ .... ။