ဘဝအဆက်ဆက်တိုင်း

နေထွဋ်နောင်

800 Kyats ကျပ်
ဘဝအဆက်ဆက် ငှက်ဖြစ်ရင်တောင် တစ်ကိုင်းတည်းနားဖို့ ဆုပန်ထားခဲ့ကြတဲ့ ချစ်သူတွေ ရှိကြပါသလား။ မိတ်ဆွေ … သင်ဟာ ချစ်ခြင်းကို ယုံကြည်ရင်ဖြစ်စေ၊ ချစ်သူကို သံသရာအဆက်ဆက်၊ ဘဝအဆက်ဆက် ချစ်မြတ်နိုးမယ်လို့ ရည်စူးဆန္ဒရှိနေရင် ဖြစ်စေ၊ ဒီစာအုပ်လေးကို ဖတ်ကြည့်ပါလား။ ဘဝအဆက်ဆက် မေတ္တာမပျက်ကွက်ဘဲ ချစ်တတ်ကြတဲ့ အသည်းနှလုံးတွေအကြောင်းကို အကောင်းဆုံး ပုံဖော်ဖန်တီးထားတဲ့ ရသဝတ္ထုရှည်တစ်ပုဒ်ပါ။ မြန်မာရာဇဝင်ခေတ်နဲ့ (၁၉၄၂) ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း ခေတ်နှစ်ခေတ်ကို အခြေခံထားပြီး ကျယ်ပြန့်တဲ့ ဇာတ်အိမ်၊ ဆွတ်ပျံ့လွမ်းမောဖွယ် ဇာတ်ကြောင်းခံ အဖြစ်အပျက်တွေက စာဖတ်သူရဲ့ နှလုံးသည်းစိုင်ကို ဆွဲကိုင်လှုပ်ခါသွားမှာပါ။ အတိတ်ဘဝက ချစ်သူမင်းသမီးလေး သီရိကလျာဟာ (၁၉၄၂) ခုနှစ်ရောက်တဲ့အခါမှ ဘဝဟောင်းက ချစ်သူမင်းသူရိန် ကို မောင်ထွန်းဝေ အဖြစ်နဲ့ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပုံတွေ၊ အတိတ်ကာလတုန်းက ရန်သူတော်စစ်ကဲကြီး ဝဏ္ဏကျော်စွာတို့ရဲ့ အကြောင်းအရာတွေ အပြင် (၁၉၄၂) ခုနှစ်က ထွန်းဝေရဲ့ ငယ်ချစ်ဖြစ်သူ နှင်းမြနဲ့ နှင်းမြရဲ့ မိဘတွေ သဘောတူထားကြတဲ့ ကိုဟိန်းတို့ အကြားမှာ ဒုတိယကမ္ဘာစစ်အတွင်း ပြေးရင်းလွှားရင်း ပေါ်ပေါက်လာခဲ့ရတဲ့ စစ်ပွဲကြားက အချစ်ဇာတ်လမ်းတစ်ပုဒ်မို့ စာချစ်သူတို့ အကြိုက်တွေ့ကြရမယ့် ဝတ္ထုတစ်ပုဒ်အဖြစ် လက်တို့လိုက်ပါတယ်နော်။