အပမှီနေသော အရုပ်ကလေး

နေဇင်သော်

200 Kyats ကျပ်
လူကြီးတွေက လမ်းမှာတွေ့တဲ့ ပစ္စည်းတွေကိုကောက်ပြီး အိမ်ထဲကို ယူလာခွင့်ပြုလေ့မရှိတာကို ကြုံဖူးကြားဖူးကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ပစ္စည်းတွေမှာ နာနာဘာဝတွေ၊ မကောင်းဆိုးရွားတွေ စွဲကပ်နေတတ်တယ် ဆိုပြီးတော့ပေါ့။ ဒီစာအုပ်ထဲမှာတော့ အဲဒီလိုအဖြစ်အပျက်ကို မြင်ရပါလိမ့်မယ်။ မိုးထက်မြင့်၊ ဝတ်ရည်ချိုနဲ့ သမီးလေးနွေးနွေးတို့က သိပ်သာယာတဲ့ မိသားစုဘဝကလေးကို ပိုင်ဆိုင်ထားခဲ့တာပါ။ တစ်နေ့တော့၊ နွေးနွေးက လမ်းမှာတွေ့တဲ့ အရုပ်ကလေးကိုကောက်ပြီး အမေခွင့်မပြုတဲ့ကြားက အိမ်ကိုအတင်းယူလာတယ်။ အဲဒီကနေစပြီး သူတို့မိသားစုဘဝကလေးက ကံဆိုးမိုးမှောင်ကျတော့တာပါပဲ။ ဘာတွေဖြစ်ကုန်တာလဲဆိုတာတော့ ကိုယ်တိုင်သာ ဖတ်ကြည့်လိုက်တော့နော် !