လူသားစား စုန်းမ

နေဇင်သော်

200 Kyats ကျပ်
ဒီအဖြစ်ပျက်ကို ကြုံရတဲ့သူကတော့ ထူးခန့်ဆိုတဲ့ လူတစ်ဖက်သားကို အားနာတတ်တဲ့ ကောင်းလေးတစ်ယောက်ပါ။ တစ်နေ့ သူက ညနေစောင်းလို့ ယာထဲကပြန်လာတုန်း ယုမေဆိုတဲ့ မိန်းကလေးက သွားစရာနေရာမရှိလို့ဆိုပြီး အကူအညီလာတောင်းလို့ အိမ်ပေါ် ခေါ်တင်ထားလိုက်တယ်။ နောက်တော့ အနေနီးပြီး ချစ်မိလို့ လက်ထပ်ယူလိုက်တယ်။ လက်ထပ်ယူတဲ့နေ့ကစပြီး ယုမေချက်တဲ့ ဟင်းတွေက အရမ်းစားကောင်းတယ်လို့ ထူးခန့်ကနေထင်တယ် ... သူတို့နှစ်ယောက်ရဲ့ သားလေး ဟင်းပန်းကန်တွေကိုကြည့်ပြီး လူသေကြီး လူသေကြီးလို့ မအော်ခင်အထိပေါ့။ ဘာဖြစ်မလဲတော့ ဆက်မပြောပြတော့ဘူးနော်။ တစ်ခုတော့ရှိတယ် အစားအသောက်စားနေတုန်း ဒီစာအုပ်ကိုမဖတ်ပါနဲ့ အရေးအသားက မျက်စိထဲ မြင်ယောင်လာပြီး မစားနိုင်ဖြစ်သွားမှာ စိုးလို့ပါ။