ချစ်သူ့ဝိညာဉ်

နေဇင်သော်

200 Kyats ကျပ်
ယမင်းချိုတစ်ယောက် အဆောင်နေကျောင်းသူဘဝကိုရလို့ ပျော်လို့မဆုံးသေးဘူး နယ်မှာကျန်ခဲ့သူ သိပ်ချစ်ရတဲ့ချစ်သူက ဆုံးပြီတဲ့။ ဒီလိုနဲ့ သူ့ချစ်သူရဲ့ အသုဘကို သူသွားတယ်။ ပြီးတော့ သူနေတဲ့အဆောင်ကို ပြန်လာတယ်။ အဲဒီလိုပြန်လာခဲ့တဲ့နေ့မှာပဲ ထူးဆန်းတာတွေကို သူကြုံရတယ်။ စာအုပ်တွေပြုတ်ကျတယ်။ စောင်ကိုဆွဲချတယ်။ သစ်ကိုင်းတစ်ခုသူ့အပေါ် ကျိုးကျခါနီး တစ်ယောက်ယောက်က သူ့ကိုတွန်းလိုက်လို့ မထိခိုက်မိဘူး။ အဲဒီအဖြစ်အပျက်တွေကနေစပြီး ဘယ်လိုမျိုး ဇာတ်လမ်းလေး ဖြစ်လာမလဲ ဆိုတာကတော့ ...