ရာဇဝင်ထဲက ပုံရိပ်ပုံပြင်များ

ဒေါ်အုန်းကြည်သား

500 Kyats ကျပ်
ရာဇဝင်ဆိုတာ ဒဏ္ဍာရီဆန်တဲ့ အတိတ်တစ်ကွေ့က အကြောင်းအရာ အဖြစ်အပျက်လေးတွေပါပဲ။ သမိုင်းလောက် တိတိကျကျ မရှိတဲ့ ဖြစ်စဉ်ပုံရိပ်တွေကို ရာဇဝင်လို့ နာမည်တပ်ရမယ် ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ သမိုင်းလိုလို ရာဇဝင်လိုလို အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ပါတယ်။ ဟိုးရှေးရှေးတုန်းကလို့ အစချီပြီး ပြောရမယ့် ဒဏ္ဍာရီ ဖြစ်ရပ်ပုံရိပ်တွေ၊ သမိုင်းနဲ့ နီးစပ်တဲ့ ခိုင်ခိုင်လုံလုံ မှတ်တမ်းတွေက စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို သယ်ဆောင်လာပေးနိုင်တဲ့ ပုံပြင်တွေပဲ မဟုတ်ပါလားခင်ဗျာ။ ဒေါ်အုန်းကြည်သား စုစည်းတင်ပြတဲ့ ရာဇဝင်ထဲက ပုံရိပ်ပုံပြင်များဆိုတဲ့ ဒီစာအုပ်လေးထဲမှာ ဒဏ္ဍာရီဆန်ဆန်၊ ပုံပြင်ဆန်ဆန် ပုံရိပ်တွေဖြစ်တဲ့ တစ်ခေတ်တစ်ခါက သမိုင်းဇာတ်လမ်းလေးတွေကို စာချစ်သူတို့ ဖတ်ကြရမှာပါ။