ကျွန်တော့်ချစ်ကိုကို

ဒေးဗစ်မောင်မောင်

800 Kyats ကျပ်
သီဟမှူးဆိုတဲ့ ကောင်လေးက ဖြူဖြူနွဲ့နွဲ့ လူပုံချောချော။ မိဘကလည်း ချမ်းသာ၊ ပညာကလည်းတော်သလို ဒီဇိုင်နာပညာကိုလည်း ပြိုင်ပွဲတွေမှာ ဆုတွေရတဲ့အထိ လေ့လာထားတဲ့ လူတော်လေးတစ်ယောက်ပါ။ သီဟမှူးလို ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ် ကောင်လေးအနားမှာ ဝိုင်းနေတဲ့ မိန်းကလေးက အများကြီး။ ဒါပေမဲ့ သီဟမှူးက ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားပါဘူး။ ဒါက ဘာကြောင့်လဲ ဆိုတော့ သီဟမှူးဟာ လူမသိ သူမသိနဲ့ အရွယ်ရောက်ကတည်းက မိန်းကလေးတွေကို ရင်မခုန်ဘဲ ယောက်ျားချင်း သဘောကျနေတဲ့ စိတ်မျိုး ရှိနေလို့ပါပဲ။ တစ်နေ့မှာ သီဟမှူးတစ်ယောက် ဖခင်ဖြစ်သူရဲ့ ဇာတိရွာကလေးဆီ အပန်းဖြေခရီးထွက်ခဲ့တယ်။ တည်းခိုတဲ့ ကြီးတော်အိမ်ရဲ့ ဘေးအိမ်က အစ်ကိုကြီးတစ်ယောက်ကို မြင်မြင်ချင်းမှာ သီဟမှူးတစ်ယောက် စွဲစွဲလမ်းလမ်း ချစ်မိသွားခဲ့တယ်။ ဗလတောင့်တောင့်၊ အသားညိုညို၊ ထောင်ထောင်မောင်းမောင်းနဲ့ တောသားအစ်ကိုကြီးကို ‘ကိုကို’ လို့ တိတ်တခိုး ခေါ်ရင်းကနေ လက်တွေ့ဘဝမှာ ‘ကိုကို’ လို့ ခေါ်ခွင့်ရဖို့ သီဟမှူး စိတ်ကူးယဉ်နေခဲ့တယ်။ တစ်ည … ရွာဘုရားပွဲသွားရင်း သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိပ်ချစ်မိသွားကြပြီး ‘ကိုကို’ နဲ့ ‘မှူးမှူး’ ရယ်လို့ ချစ်သူဘဝဆီ ရောက်သွားတဲ့နောက်မှာတော့ …