ကျန်းမာရေးအတွက်သိသင့်သောအဖြေများ

ဒေါက်တာငြိမ်းချမ်းအောင်

500 Kyats ကျပ်
ဒီနေ့ခေတ်မှာ လူတွေအတွက် အလိုအပ်ဆုံးအရာက စည်းစိမ်ချမ်းသာ၊ သြဇာအာဏာတွေ မဟုတ်ပါဘူး။ အာရောဂျံ ပထမံလာဘံလို့ ဆိုကြတဲ့ ကျန်းမာရေးပါ။ ဒါပေမယ့် လူတွေဟာ နေ့စဉ် လှုပ်ရှားရုန်းကန်ရင်း ကျန်းမာရေးဆိုင်ရာ ပြုမှုနေထိုင်သင့်တာတွေကို အလေးဂရုပြုမှု နည်းပါးလာကြပါတယ်။ များသောအားဖြင့်တော့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို လေ့လာသိရှိမှု နည်းပါးခြင်းကြောင့်လည်း ဖြစ်ပါတယ်။ စာဖတ်သူအများအနေနနဲ့ ဒီစာအုပ်ပါ ကျန်းမာရေးအတွက် သိသင့်တာများကို အဖြေရှာဖတ်ကြည့်ဖို့ တကူးတက အချိန်ပေးနေစရာ မလိုပါဘူး။ ခဏတာ အားလပ်တဲ့အချိန်လေးတွေမှာပဲ တို့ထိလေ့လာသွားရုံနဲ့ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အာဟာရ၊ ဗီတာမင်၊ ရေ အပါအဝင် သက်စောင့်ဓာတ်၊ ရောဂါဗေဒဆိုင်ရာ၊ နေထိုင်ပြုမူမှုဆိုင်ရာ စတဲ့ အသိအမြင်တွေက သင့်ရဲ့ နေ့စဉ် လှုပ်ရှား ရုန်းကန်နေရမှုတွေကို ကျန်းမာရေးပြည့်ဝတဲ့ အချိန်တွေအဖြစ် ဖော်ဆောင်ပေးသွားနိုင်ပါလိမ့်မယ်။