အကြောင်းတရားတို့၏ အစွမ်းသတ္တိများ

ဒေါက်တာအေးကျော်

800 Kyats ကျပ်
...စာရေးသူ၏ အဖွင့်မိတ်ဆက် ။ ။ အနက်ရှိုင်းဆုံး ဂမ္ဘီရကျမ်းဖြစ်တဲ့ပဋ္ဌာန်းကျမ်းဟာ လောကရဲ့ ပဓာနအကြောင်းတရားတွေနဲ့ ဒီအကြောင်းတရားတွေကြောင့် မုချဖြစ်ပေါ်လာတဲ့ ဧကန္တအကျိုးတရားတွေရဲ့ ကြောင်းကျိုးဆက်စပ်မှု ကို နည်းပေါင်းများစွာနဲ့ တန်ဆာဆင်ထားတဲ့ကျမ်းဖြစ်ပါတယ်။ ပဋ္ဌာန်းတရားတော်ဟာ ဘဝအဆက်ဆက်ကပြုခဲ့တဲ့ ကောင်းတဲ့ကံတွေ အစွမ်းကုန်ပွင့်လန်းလာ စေခြင်း၊ မကောင်းမှုတွေမပြုမိအောင် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းပြီး ငြိမ်းအောင် မြင်အောင် စွမ်းဆောင်ပေးနိုင်ခြင်း၊ အကြံဉာဏ်ကောင်းများကို ဖြစ်ပေါ်စေခြင်းစတဲ့ အင်မတန် ထူးခြားတဲ့တန်ခိုးသတ္တိတွေနဲ့ ပြည့်စုံပါတယ်။ ဒီလိုအစွမ်းရှိတဲ့အတွက် ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော ဘေးအန္တရာယ်တွေကင်းဝေးစေခြင်း၊ စီးပွား လာဘ်လာဘ တိုးတက်စေခြင်း၊ လိုအင်ဆန္ဒတွေပြည့်ဝခြင်းစတဲ့ လောကီအကျိုး စီးပွားများကိုသာမက မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တည်းဟူသော လောကုတ္တရာအကျိုးတွေပါ ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ သာမန်ရွတ်ဖတ်နာကြားခြင်းအားဖြင့်တော့ ဒီအကျိုးထူးတွေကို တစ်စိတ်တစ်ဒေသပဲ ရနိုင်ပါတယ်။ ပဋ္ဌာန်းသဘောတရားတွေကို အနက်အဓိပ္ပါယ်နဲ့တကွ သိမြင်ပြီး အကြိမ်ကြိမ် ဆင်ခြင် သုံးသပ်နေမှသာ ဒီအကျိုးတရားတွေကို အပြည့်အဝ ရရှိလာမှာဖြစ်ပါတယ်။