စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

အခမဲ့
မိမိထိုစာအုပ်ကို ညွှန်းလိုသည်မှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိသည့်ကြားတွင် မိမိတို့စိတ်သည် လက်တစ်ဖျောက်အတွင်းမှာပင် စိတ်ပေါင်းကုဋေကဋာ ဖြစ်ပျက်နေသည်ကို ကိုယ်တိုင်သိရှိရန် လိုအပ်သည်။ ထိုမှသာ စိတ်အညစ်အကြေးများ နည်းပါးနိုင်ရန် ချုပ်ထိန်းနိုင်သည့် အသိတရားများ ရရှိလာရန် လိုအပ်ပါသည်။ မိမိတို့သည် နေ့စဉ် ကိုယ်လက်သန့်စင်ခြင်းအမှုကို ပြုလုပ်သကဲ့သို့ စိတ်ကိုလည်း လျှော်ဖွပ်ခြင်းအမှု ပြုလုပ်ရန် အင်မတန်လိုအပ်ပါသည်။ မိမိတို့၏သဏ္ဌာန်တွင် ကိလေသာအမြူ များပြားလာလျှင် အမိုက်မှောင်များ ဖုံးလွှမ်းတတ်သကဲ့သို့ အမှားကို အမှန်ထင် အမှန်ကို အမှားထင်၍ တံလျှပ်ကို ရေထင် ရွှေသမင်အလိုက်မှားခြင်းများ ဖြစ်လာနိုင်၍ စိတ်ဆိုတဲ့ မြေသားကို ကိရိယာတန်ဆာပလာတို့နှင့် ပေါင်းသင်ရန် လိုအပ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်များသည် ရွတ်ဖတ်ခြင်းအမှုပြုရန် သက်သက်သာ မကဘဲ လိုက်နာကျင့်ဆောင်ရမည့် philosophy ဘာသာရပ်ဖြစ်ပါသည်။ ထိုကဲ့သို့ Buddha's doctrines များကို သုတ ရသ သက်သက်သာမက အနှစ်တရားများ ဖြစ်သည့်အတွက် လူသားတိုင်းအတွက်လည်း သင့်လျော်ပါကြောင်း အကြံပြုလိုပါတယ်။ Recommended by もみじ 花 (Wun Zinn Readers Club Member)