လူတွေရဲ့အကျိုးကို ရှေးရှုပြီးရေးတဲ့ မြန်မာသမိုင်း ၂၀၀၃ စာစု

ဒေါက်တာသန်းထွန်း

800 Kyats ကျပ်
သမိုင်းအထောက်အထားတွေနဲ့ ပတ်သက်လို့ အချက်အလက် တိတိကျကျနဲ့ ရေးသားတင်ပြတဲ့သူတွေထဲမှာ ဆရာကြီးဒေါက်တာသန်းထွန်းစာအုပ်တွေက မဖတ်မဖြစ်ပါပဲ။ ဆရာကြီးရေးတဲ့ စာတွေမှာပါတဲ့ အချက်အလက်တွေက သမိုင်းလေ့လာသူတွေအဖို့ တန်ဖိုးရှိလှပါတယ်။ ဒီစာအုပ်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ သမိုင်းတွေထဲက ညောင်ရမ်းနောက်ဆုံးမင်းဆက်နှစ်ဆက်၊ ကက္ကူဘုရားတော်၊ သမိုင်း၏သမိုင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗုဒ္ဓအနုပညာနဲ့ ဗိသုကာလက်ရာ၊ ရှေးမြန်မာတို့ ကျောက်ပြားမှာ ရေးထွင်းခဲ့တဲ့ဒီဇိုင်း စတဲ့အကြောင်းတွေကို ဖတ်ရမှာပါ။