ပုဂံလက်သစ်နှင့် ပုဂံအနုပညာတန်ဖိုးထိန်းရန်

ဒေါက်တာသန်းထွန်း

800 Kyats ကျပ်
လူမျိုးဖြစ်လာသည်နှင့်အညီ ယဉ်ကျေးမှုကို ထိန်းသိမ်းရမည်မှာ သမိုင်းပေးတာဝန် ဖြစ်ချေသည်။ ဆရာကြီးသည် မြန်မာတို့၏ ယဉ်ကျေးမှု ခရာဖြစ်သည့် ပုဂံကို မည်ကဲ့သို့ ဖြစ်တည်လာရသည်ကို နှောင်းလူတို့အား သိရှိစေချင်သည်။ မြန်မာနိုင်ငံတွင် ရှေးအနုပညာ ယဉ်ကျေးမှုကို အစောဆုံး ဖော်ထုတ်ခဲ့သူမှာ ဦးဗုဒ်ဖြစ်သည်။ ဆရာကြီး ဦးဗုဒ်၏ တပည့်မှာ ဒေါက်တာ သန်းထွန်းဖြစ်ရုံမက ဆရာကြီးသည် ဆရာထက် တပည့် လက်စောင်းထက်ဆို သည့်စကားကို မှန်ကန်အောင် သက်သေပြနိုင်ခဲ့သည်။ ဆရာကြီး၏ ယခု ပုဂံလက်သစ်မှာ ပုဂံဆိုသည်မှာ ဘယ်ကစသလဲ နှင့် ပုဂံပြည်ကြီးရှိ အလေးထားရမည့် ယဉ်ကျေးမှုတရားတို့ကို ပြည်သူပြည်သားများအား အလေးထား သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သည်မှာ အင်မတန်ချီးကျူးဖွယ်ဖြစ်သည်။ ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ရုံမက ဇာစ်မြစ်ကိုပင် နားလည်အောင် နှစ်ကာလကြာရှည်စွာ တူးဖော် လေ့လာရသည်။ ဆရာကြီး ထိုသို့အပင်ပန်းခံ ပြုစုခဲ့သည့် ပုဂံ၏ရာဇဝင်ကို မိမိတို့အနေဖြင့် သက်တောင့် သက်သာဖတ်ရသည်ကိုပင် အင်မတန် အားနာလှမိပါသည်။ စာပေဖတ်ရာတွင် ယဉ်ကျေးမှုကိုလည်း ပစ်ပယ် မထားကောင်းပါ၍ ထိုစာအုပ်ကို ဖတ်စေချင်လှပါသည်။ Recommended by もみじ 花 (Wun Zinn Readers Club Member)