စာတမ်းနှင့်ဆောင်းပါး ၁၈ စောင်

ဒေါက်တာသန်းထွန်း

800 Kyats ကျပ်
ဝန်ဇင်းရဲ့ စာဖတ်ပရိသတ်တွေထဲမှာ သမိုင်းကြောင်းတွေ စိတ်ဝင်စားကြတဲ့သူရှိလားဗျ။ ဒါမှမဟုတ် အချက်အလက်တွေကို စုဆောင်းလိုသူတွေပေါ့။ ဒါဆိုရင်တော့ ဒီစာအုပ်ကို ယူထားသင့်ပါတယ်။ စာအုပ်ထဲမှာ ရှေးခေတ်မြန်မာနိုင်ငံရဲ့ သမိုင်းကို သမိုင်းအထောက်အထား အစုံအလင်နဲ့ တင်ပြထားတဲ့ စာတမ်းတွေ ဆောင်းပါးတွေပါတယ်။ ဗမာနိုင်ငံကျောက်ခေတ်သမိုင်း၊ ပုဂံခေတ်တရားဥပဒေ၊ ရှေးမြန်မာတို့ကျောက်ပြားမှာရေးထွင်းခဲ့တဲ့ ဒီဇိုင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး (အေဒီ ၁၀၀၀ - ၁၃၀၀)၊ သခင်ဋီကာရဲ့နိုင်ငံရေးသြဇာ … စတဲ့စတဲ့ သမိုင်းအချက်အလက်တွေကို လေ့လာနိုင်မှာပါ။