ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ

ဒေါက်တာလှကြည်

1500 Kyats ကျပ်
ကမ္ဘာပေါ်မှာ ကင်ဆာဟာ လူတွေကို အသက်အန္တရာယ်အပေးဆုံး ရောဂါတစ်မျိုး ဖြစ်နေပါတယ်။ ကင်ဆာရောဂါ ဖြစ်နေပြီလို့ ပြောလိုက်ရင် ခြေမကိုင်မိ လက်မကိုင်မိနဲ့ သွေးပျက် ကြောက်လန့်သွားရပါတယ်။ အကြောက်လွန်သွားကြတာပေါ့။ တကယ်တော့ အချိန်မီ ထိထိရောက်ရောက် ကုသရင် ပျောက်ကင်းနိုင်တဲ့ ကင်ဆာမျိုးတွေ ရှိသလို၊ မကောင်းတဲ့ အနေအထိုင်နဲ့ အစားအသောက် အမူအကျင့်တွေကို ရှောင်၊ ကောင်းတဲ့ အနေအထိုင် အစားအသောက် အမူအကျင့်တွေကို လိုက်နာရင် ကင်ဆာအမျိုးမျိုးကို ကာကွယ်နိုင်ကြောင်း ဒီစာအုပ်မှာ ဆိုထားပါတယ်။ ကာကွယ်နိုင်တဲ့ ကင်ဆာတွေထဲမှာ နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေနဲ့ ဆက်စပ်နေတဲ့ ကင်ဆာမျိုးတွေလည်း ပါဝင်ပါတယ်။ ဒါတွေကို သိထားပြီး ရှောင်သင့်တာကို ရှောင်၊ လိုက်နာကျင့်သုံးသင့်တာကို လိုက်နာကျင့်သုံးနိုင်ပါစေ ဆိုတဲ့ စေတနာနဲ့ စာရေးသူက ဒီစာအုပ်ကို ရေးသားပြုစုထားတာပါ။ ဒီစာအုပ်မှာ ကင်ဆာရောဂါဆိုတာ ဘာလဲ၊ ကင်ဆာရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ၊ ပုံမှန် ဆဲလ်တွေနဲ့ ကင်ဆာဆဲလ်တွေ ဘယ်လိုကွာခြားသလဲ၊ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်တွေ ဘယ်လို ဖြစ်လာတာလဲ စတဲ့ အကြောင်းအရာတွေကို ရေးသားထားပါတယ်။ ရေးသားထားရာမှာလည်း အချက်အလက် တိကျပြည့်စုံဖို့ထက်၊ ဆေးပညာဝေါဟာရတွေထက်၊ လူအများစု နားလည်သဘောပေါက်အောင် ရိုးရိုးရှင်းရှင်းလေးပဲ ရေးသားထားတာမို့ စာဖတ်သူတို့အတွက် ဖတ်ရတာ ပျင်းစရာမကောင်းဘဲ ပေါ့ပေါ့ပါးပါး ဖတ်ကြရမှာပါ။ လူတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေတဲ့ ကင်ဆာကို မြန်မာ့အစားအစာတွေနဲ့ ဘယ်လို ဟန့်တားမလဲ၊ ဘယ်လို ကာကွယ်မလဲ၊ ဘယ်လို ကုသမလဲဆိုတာ ကျန်းမာရေးဗဟုသုတအဖြစ် လူတိုင်း ဖတ်မှတ်ထားသင့်ပါတယ်။