လင်သားခြေလှမ်းမှားတာကို သိနိုင်စွမ်းသောဇနီးသည်၏နတ်မျက်စိ

ဒေါက်တာထွန်းဝင်း

800 Kyats ကျပ်
ကဲ … ဒီစာအုပ်ကတော့ အမျိုးသမီးထုပရိတ်သတ်ကြီးအတွက် ရှယ်တကာ့ရှယ်၊ တရှယ်ရှယ်နဲ့ကိုနေတဲ့ စာအုပ်လို့ ပြောရမှာပဲ။ စာအုပ်အမည်ကိုသာ ကြည့်လိုက်ပါ။ ယခုဖတ်ညွှန်းရေးသူတောင် ဒီစာအုပ်ကို အိမ်က ဇနီးအလှ မမြင်ရအောင် ဘယ်လိုလုပ်ရရင်ကောင်းမလဲလို့ စဉ်းစားနေရတာ။ ဒါပေမယ့် ဝန်ဇင်းက ဒီစာအုပ်ကိုမှ ထုတ်ကာလှစ်ဟ ဖော်ပြလာတော့ လည်း အမျိုးသမီးထုကြီး သိကြရတော့မှာပေါ့။ အမျိုးသမီးထုဆိုလို့ စာအုပ်အမည်နဲ့ လိုက်ဖက်အောင် အိမ်ထောင်ရှင် အမျိုးသမီးတွေကိုပဲ ဆိုလိုတယ်လို့ မထင်ပါနဲ့။ အိမ်ထောင်ရှင် အမျိုးသမီးတွေသာမက ဆယ်ကျော်သက်အရွယ်ကအစ နုနုလှလှ အပျိုမြမြတွေ၊ တည်ကြည်ရင့်ကျက် အပျိုကြီးမမတွေပါမကျန် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်ပါ။ ဒီစာအုပ်သာ ဖတ်ပြီးလို့ကတော့ ဘဲငနဲတွေကို ခါးပုံစဆွဲပြီး စိတ်မချ ရလို့ မလွှတ်တမ်းထားစရာမလိုတော့ပဲ နတ်မျက်စိရသလို တိုးတိုးတိတ်တိတ် ရိုးတိုးရိပ်တိတ် လုပ်လာသမျှ အကုန်သိစေရမှာပါပဲ။ ဒါတင်မက အခြားသော ဖိုမဆေးပညာအကြောင်း သောင်းပြောင်းရောရော ကျန်းမာရေးအကြောင်းတွေလည်းပါလို့ ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်ဖို့အတွက်လည်း အသိတိုးတော့ ဘဲငနဲ့တွေအတွက်လည်း စိတ်ချရ၊ ကိုယ့်ကျန်း မာရေးအတွက်လည်း စိတ်ချရမို့ နှစ်ဖြာအကျိုးပေးမယ့် စာအုပ်လေးပါ။