ဖိုမ လူမှုရေးပြဿနာများနှင့် HIV ကာကွယ်ရေး

ဒေါက်တာထွန်းဝင်း

800 Kyats ကျပ်
အမျိုးသမီးတစ်ဦးက စာရေးသူဒေါက်တာထွန်းဝင်းကို ပြောပါတယ်။ “AIDS က ဆေးပညာရဲ့ ပြဿနာမဟုတ်ဘူး။ လူမှုရေးပြဿနာ ဖြစ်တယ်” လို့ပါ။ စဉ်းစားကြည့်တော့ ဟုတ်ပါတယ်။ ဒီရောဂါကြီးဟာ ဆိုးဝါးလှတဲ့ဝေဒနာကြီးဆိုတာ သိကြ ပါတယ်။ ဘယ်သူမှလည်း ဒီရောဂါကြီးကို မဖြစ်ချင်ကြပါဘူး။ ဆရာဝန်တွေကတော့ ဒီရောဂါမဖြစ်ဖို့အတွက် ကာကွယ်ရေးကို အသိပညာပေးကြတဲ့အခါမှာ လိင်မှုကိစ္စအပျော်အပါး ဆင်ခြင်ဖို့ (သို့မဟုတ်) ကွန်ဒုံးသုံးဖို့၊ မူးယစ်ဆေးဝါး ရှောင်ကြဉ်ဖို့၊ မသန့်တဲ့သွေး … ဆေးထိုးအပ် … ဆေးထိုးပြွန်တွေ အသုံးပြုခြင်းကို ရှောင်ကြဉ်ဖို့ပါ။ ဆေးပညာဆိုင်ရာ ရှုထောင့်ကနေ ကာကွယ်ရေးကို ဆရာဝန်တွေက ဒီလိုပြောလိုက်တော့ လွယ်ပါတယ်။ ဒါပေမယ့် ဒီရောဂါရဲ့ ဇစ်မြစ်ဟာ ဆေးပညာရဲ့ ပြဿနာမဟုတ်ပါဘူး။ လူမှုရေးပြဿနာပါ။ ပိုပြီးတိတိကျကျ ပြောရရင် လူတစ်ချင်းစီရဲ့ အကျင့်စရိုက်ဆိုင်ရာ ပြဿနာပါ။ ဒီတော့ ဒီလိုလူမှုရေးပြဿနာဖြစ်တဲ့ HIV/AIDS ရောဂါကာကွယ်ရေး ကို စာရေးသူက ကြားသိနေကြနဲ့မတူညီတဲ့ အတွေးအမြင်ရှုထောင့်ကနေ ဘယ်လိုအသိပညာပေးထားသလဲဆိုတာ လေ့လာ ကြည့်လိုက်ကြရအောင်ပါ။