သုသာန္ကေခၚလာတဲ့သရဲ

ဒေဝတာ

800 Kyats ကျပ်
"ခရမ်းပြာ .. မသေဘူး၊ ခရမ်းပြာ မသေဘူး" သူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကာမှ အသုဘ ပြင်ဆင်ထားသော အခန်းထဲ လူများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ နရီကတော့ ခရမ်းပြာ၏ အေးစက်သော လက်များကို ဆွဲကိုင်လှုပ်ရမ်းလို့ နေသည်။ "နရီ .... နရီ ... သတိထားပါဦး၊ ညီမလေးက တကယ် အသက်မရှိတော့ပါဘူး၊ နရီရယ် ... ဘာတွေ လျှောက်လုပ်နေတာလဲ" "ဟာ ... ဟေ့ကောင် နရီ၊ အဲ့လို မလုပ်ရဘူးလေကွာ၊ ကိုယ့်စိတ်ကိုယ် ထိန်းမှပေါ့၊ လွှတ် ... လွှတ်" ဘေးမှ ဝိုင်းပြော ဝိုင်းဆွဲကြသော်လည်း သူ့အသိစိတ်ထဲ ခရမ်းပြာ မသေဘူးပဲ မှတ်နေ၏။ ထို့နောက်တွင် သူ့ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားတော့သည်။ တကယ်တော့ ခရမ်းပြာရဲ့ လက်ကို နရီဆွဲထားခြင်း မဟုတ်။ ခရမ်းပြာရဲ့ အေးစက်ပြာနှမ်းသော လက်ချောင်းများကသာ သူ့လက်ကို ဆွဲထားခြင်းဖြစ်သည်။