သရဲခေါ်သံ

ဒဝေတာ

800 Kyats ကျပ်
⚫ အချစ်ရဆုံး အမွှာညီမလေးသေသွားလို့ ယူကြုံးမရဖြစ်နေတဲ့ ဟင်္သာ။ ဘာဖြစ်လို့မှန်းမသိ သူ့ညီမကြိုးကြာကို အမြဲ တမ်းတနေတတ်တယ်။ သူစိတ်ပြေလက်ပျောက်ဖြစ်အောင် သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ အိမ်ကလွှတ်တော့လည်း ‘ကြိုးကြာရေလိုက်ခဲ့နော်’ ဆိုပြီး ခေါ်ခဲ့မိတယ်။ အဲဒီနောက်ပိုင်းမှာလည်း သူက ညီမဖြစ်သူကို နေရာတကာမှာ မြင်တွေ့နေရတယ်။ သူတင်မကပါဘူး ကြိုးကြာရဲ့ချစ်သူ ဆူးက လည်းကြိုးကြာကို မြင်တွေ့နေရတာပဲ။ ⚫ သူတို့တွေ သေဆုံးသွားတဲ့ ကြိုးကြာကို ဘာဖြစ်လို့ ခဏခဏမြင်တွေ့နေရတာလဲ။ ကြိုးကြာကရော ဘယ်လိုဖြစ်ပြီး သေသွားတာလဲ ဆိုတဲ့မေးခွန်းတွေနဲ့အတူ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အချိုးအကွေ့တွေ အပြည့်နဲ့ ခန့်မှန်းရခက်တဲ့ ဒီဝတ္ထုလေးကို သည်းထိတ်ရင်ဖို ပရလောကဇာတ်လမ်း သဘောကျသူတိုင်း အကြိုက်တွေ့မှာပါ။