ဝိညာဉ်ထောင်ချောက်

ဒဝေတာ

800 Kyats ကျပ်
>> ဒီဇာတ်လမ်းရဲ့ အဓိကက မြေအောက်သင်္ချိုင်း … ဟုတ်တယ် ရှေးဟောင်းသင်္ချိုင်းတစ်ခု။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ သင်္ချိုင်းတစ်ခု။ အဲဒီသင်္ချိုင်းရဲ့ လျှို့ဝှက်ချက်ကိုသိသွားတဲ့ အံ့မောင်တစ်ယောက် လောဘဇောတက်ပြီး သင်္ချိုင်းဖောက်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သင်္ချိုင်းထဲမှာ တိုက်ထားတဲ့ ကျိန်စာက သူ့အပေါ်ကို ကြီးမားတဲ့ ကံဆိုးမိုးမှောင်မှုကို ကျရောက်စေတယ်။ ဒါတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ခဲ့တာပါ။ >> အခုတော့ ဒီသင်္ချိုင်းနဲ့ ပတ်သက်ဖို့ ကြိုးစားလာတာက ဖြူစင်တို့ သူငယ်ချင်းတစ်စုပါ။ အင်္ဂလိပ်ခေတ် ကပြားလူမျိုး မိသားစုပိုင်ဆိုင်တဲ့ သင်္ချိုင်း၊ သင်္ချိုင်းထဲမှာ ရတနာတွေအများကြီး မြှုပ်ထားတယ်ဆိုတာ သိလိုက်ရတော့ သူတို့တွေပိုပြီးတော့ စိတ်ဝင်စားသွားကြတယ်။ ဒီလိုနဲ့ အံ့မောင်အပေါ်မှာ ကျရောက်ခဲ့တဲ့ ကံဆိုးမှုတွေက ဖြူစင်တို့ သူငယ်ချင်းတစ်စုအပေါ် နောက်ထပ် ဘယ်လိုကြောက်စရာကောင်းအောင် ကျရောက်လာမလဲဆိုတာ ထိတ်လန့်ချောက်ချားစွာနဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။