ဖုန်းသရဲ

ဒဝေတာ

800 Kyats ကျပ်
>> သရဲဝတ္ထုရေးနေပေမယ့် သရဲရှိတယ်ဆိုတာကို မယုံကြည်တဲ့ ‘သက်သခင်’။ စာရေးရတာ ဝါသနာပါပေမယ့် သူနေတဲ့အိမ်က ဆူညံလို့ အမဖြစ်သူ ဆောက်ထားတဲ့ အိမ်အသစ်မှာ သွားနေပြီး စာရေးဖို့ ကြိုးစားတယ်။ အဲဒီအိမ်ရောက်တဲ့အချိန်မှာ ‘ သက်သခင်’ တစ်ယောက် ထူးဆန်းတာတွေ စပြီးကြုံတွေ့ရတော့တာပဲ။ သူတင်မဟုတ်ဘူး။ သူ့ မိသားစုတစ်စုလုံးပါကြုံတွေ့လာရတယ်။ ဒီအဖြစ်အပျက်တွေ အစပြုလာတာက ဆိုးရွားလှတဲ့ အသံတွေပဲကြားရတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု။ အဲဒီခေါ်ဆိုမှုကနေ ဘယ်လိုဆိုးရွားတာတွေ ဆက်ဖြစ်မလဲ? ဒီစာအုပ်ထဲမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းတွေနဲ့ ချောက်ချားစရာ အဖြစ်အပျက်တွေကို ဆရာဒေဝတာက ဘယ်လိုတွေ ရေးထားပြန်ဦးမလဲ ?