သွေးနဲ့ရေးတဲ့ ခေတ်သစ်ကျွန်ပြဇာတ်

ညေး

600 Kyats ကျပ်
ဒီဝတ္ထုကို ရေးဖို့အတွက် ဆရာမညေးက ဖြစ်ရပ်မှန် များစွာကို အခြေခံ ကိုးကားရေးဖွဲ့ခဲ့သလို လိုအပ်တဲ့ အချက်အလက်တွေကို နိုင်ငံပိုင်သတင်းစာ၊ ဂျာနယ်၊ ဘလော့(ဂ်)စာမျက်နှာတွေနဲ့ မြန်မာပြည်အကြောင်း ရေးသားထုတ်ဝေခဲ့တဲ့ ဘာသာပြန် စာအုပ်တွေ၊ နိုင်ငံခြား ဝက်ဘ်ဆိုက်တွေ၊ ထောင်အတွေ့အကြုံ ဆောင်းပါးတွေကို အချိန်ယူ စုဆောင်းလေ့လာပြီးမှ ကိုးကားရေးသားခဲ့ကြောင်း ဆိုထားပါတယ်။ ယနေ့ခေတ် မြန်မာပြည်၊ ရန်ကုန်မြို့ရဲ့ လူမှုဘဝနေထိုင်မှုနဲ့ တရားဥပဒေ စိုးမိုးရေး၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ နှိပ်စက်ညှင်းပန်းမှုတွေ၊ လူ့ဘုံနဲ့ အိမ်ငရဲခန်းကြားက နံရံတစ်ချပ်ကို ဖြိုခွင်းပြီး ခေတ်သစ် ကျေးကျွန်နှစ်ယောက်ကို တိုင်းသိပြည်သိ ကယ်ထုတ်ပေးနိုင်ခဲ့တဲ့ မြူလင်းဆိုသူ လူတစ်ယောက်၊ တကယ်တော့ မတရားမှု မှန်သမျှကို သူနိုင်သလောက် တော်လှန်နေတဲ့ လူငယ်သူပုန်တစ်ယောက်ဖြစ်တဲ့ မြူလင်းဆိုတာ လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်က ဘယ်လို လူတစ်ယောက် ဖြစ်ခဲ့သလဲ။ စိတ်ဝင်စားဖွယ် ရေးသားထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ဖတ်ရှုခံစားကြည့်ကြဖို့ လက်တို့လိုက်ပါတယ်နော်။