ဒဏ္ဍာရီလွင်ပြင်မှာ ပုံပြင်စီးချင်းထိုးတဲ့လူ

ညေး

600 Kyats ကျပ်
ဒဏ္ဍာရီလွင်ပြင်မှာ ပုံပြင်ချင်း စီးချင်းထိုးတဲ့လူ။ သူက အစပ်ချောင်းမုန့်ကနေ ချယ်ရီဝက်ဂွန်းကားအထိ၊ ကျင်းထုံခြင်ဆေးခွေကနေ ဘိုးတော်ဘုရားခေတ်အထိ၊ သမိုင်းကြောင်းတွေ၊ ဒဏ္ဍာရီ အကွေ့အဝိုက်တွေကို တစ္ဆေတစ်ကောင်လို သိနေတဲ့ ကောင်လေးတစ်ယောက်အကြောင်း။ သူ့နာမည် နေထွဋ်။ သိပ်ထက်မြက်တဲ့ လူငယ်တစ်ယောက်။ ပြီးတော့ လက်တွေ့ဝါဒီသမား။ နေထွဋ်လေး သိနားလည်တတ်စအရွယ်မှာ အရာရာကို စူးစမ်းချင်စိတ် အပြည့်ရှိနေပြီ။ မိဘတွေကိုလည်း အကျပ်ရိုက်စေမယ့် မေးခွန်းတွေ အဲဒီအရွယ်ကတည်းက မေးခဲ့တာ။ ကျောင်းနေအရွယ်မှာလည်း စာသင်တဲ့ဆရာမက နေထွဋ်ရဲ့ အနွံအတာကို လှိမ့်ခံရတော့တာပဲ။ ဒီလိုနဲ့ပေါ့။ နေထွဋ်တစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာတော့ ...