အလုပ်နဲ့ တွန်းအား

ဇော်ဝင်းကြူ (ပျဉ်းမနား)

750 Kyats ကျပ်
အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့အတွက် တက်ကြွတဲ့လူတွေ မရှိမဖြစ် လိုအပ်ပါတယ်။ တက်ကြွတဲ့ ဝန်ထမ်းတွေ ရှိနေတဲ့ လုပ်ငန်းတစ်ခုဟာ သူ့ရဲ့ ပြိုင်ဖက်တွေထက် အမြဲ တစ်ပန်းသာနေမှာပါပဲ။ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ပုံတူကူးချဖို့ဆိုတာ လွယ်ပေမယ့် စိတ်အားထက်သန်ပြီး တက်ကြွတဲ့၊ စည်းလုံးညီညွတ်တဲ့ ဝန်ထမ်းအဖွဲ့တစ်ခုကို လိုက် အတုယူပြီး တည်ဆောက်ဖို့ကတော့ မလွယ်ပါဘူး။ ဒီစာအုပ်ဟာ အဖွဲ့အစည်းတိုင်း၊ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်း တည်ဆောက်မှုတွေ၊ ဆွေးနွေးမှု၊ နားလည်မှုတွေ စတဲ့အရာတွေအတွက် လမ်းညွန်ပြသထားတဲ့ စာအုပ် ဖြစ်ပါတယ်။ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဘယ်လိုတည်ဆောက်မလဲ၊ ဒါကိုပဲ ပိုပြီး ခိုင်ခံ့မြဲမြံအောင် ဘယ်လို ဆက်လက်လုပ်ဆောင်မလဲ ဆိုတာကို ဆရာဇော်ဝင်းကြူ(ပျဉ်းမနား) ရဲ့ ဒီစာအုပ်ထဲမှာ အကျယ် လေ့လာနိုင်ပါတယ်။