ဟားဗတ်က သင်မပေးသော စီးပွားရေးပညာ

ဇော်ဝင်းကြူ(ပျဉ်းမနား)

1000 Kyats ကျပ်
စီးပွားရေး ပညာရပ်ဆိုင်ရာ စာအုပ်တွေ များစွာ ရှိပါတယ်။ လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု၊ လိုက်နာကျင့်သုံးရမယ့် ဥပဒေသ၊ ဈေးကွက်ဖော်ဆောင်မှု၊ ငွေကြေးဆိုင်ရာ မူဝါဒ၊ အရှုံးအမြတ် သင်ခန်းစာ … စတဲ့ အကြောင်းအရာတွေကို ရှုထောင့်စုံကနေ ရေးသားထားတဲ့ စာအုပ်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ကို မူရင်းရေးသားသူ Mark H. Mc Cormack ကတော့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကို မတက်ရောက်ဖူးပါဘူး။ ဟားဗတ်ရဲ့ ပို့ချချက်တွေကိုလည်း မသင်ဖူးပါဘူး။ သူက စီးပွားရေးကျောင်းတွေမှာ ပို့ချတဲ့ သင်ကြားချက်တွေထက် လုပ်ငန်းခွင်အတွေ့အကြုံတွေကို ဖော်ဆောင်သူပဲ ဖြစ်ပါတယ်။ သူ့နည်းနာတွေက ကျောင်းသင်ခန်းစာနဲ့ လက်တွေ့လုပ်ငန်းအတွေ့အကြုံကို ပေါင်းကူးပေးပြန်ပါတယ်။ ဒါကြောင့်လည်း Mark H. Mc Cormack တည်ထောင်တဲ့ စီမံခန့်ခွဲမှုကုမ္ပဏီရဲ့ အောင်မြင်မှုကို ဟားဗတ်တက္ကသိုလ်မှာ ပို့ချရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ Mark H. Mc Cormack ရဲ့ ကိုယ်တွေ့လုပ်ငန်းခွင် အတွေ့အကြုံ စီးပွားရေးနည်းနာတွေကို လေ့လာဖတ်ရှုပြီး ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အောင်မြင်အောင် ဖန်တီးကြပါစို့။