ဗုဒ္ဓဦးနှောက်

ဇော်ဝင်းကြူ(ပျဉ်းမနား)

1500 Kyats ကျပ်
အမှာစာကောက်နှုတ်ချက် ✅ ဤစာအုပ်တွင် မိမိ၏စိတ်ကို တည်ငြိမ်စေ၍ အာရုံစူးစိုက်နိုင်စွမ်း မြင့်မားအောင် မည်သို့ လေ့ကျင့်ရမည်၊ စိတ်ကောင်း နှလုံးကောင်းကို မည်သို့ပြုစု ပျိုးထောင်မွေးမြူရမည်၊ သတ္တဝါများအပေါ် မည်သို့ ကရုဏာထားရမည်၊ မေတ္တာတရား ပွားများရမည်၊ လောကကြီးကို မည်သို့ ရှုမြင်ရမည်ဟူသော နည်းလမ်းများကိုလည်း စာရေးသူများ၏ အမြင်များ၊ အတွေ့အကြုံများဖြင့် ပေါင်းစပ် တင်ပြထားပါသည်။ ဤစာအုပ်တွင် အာရုံကြောစနစ်နှင့် ပတ်သက်သော ဖော်ပြချက်အချို့မှာ နာ့ဗ်ကြောသိပ္ပံ ဘာသာရပ်မှ အချက်အလက်များဖြစ်၍ ပညာရပ်ဆန်ပြီး ရှုပ်ထွေးမှု အနည်းငယ်ရှိသောကြောင့် အချို့ဝါကျများကို နားလည်ရန်အတွက် အာရုံစူးစိုက်၍ ဖတ်ရန် လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။ ထိုသို့သော ဝါကျများကို တစ်ကြိမ်ဖတ်ရုံဖြင့် နားမလည်ပါက သေချာစွာ ပြန်လည်စဉ်းစား၍ နောက်တစ်ကြိမ် ပြန်ဖတ်လျှင် ကောင်းစွာ နားလည်သွားမည် ဖြစ်ပါသည်။ သို့ရာတွင် စာဖတ်သူအနေဖြင့် အချို့သော ဘာသာရပ်ဆိုင်ရာ အသေးစိတ် ဖော်ပြချက်များကို သိလိုခြင်းမရှိဘဲ အဓိကဆိုလိုရင်း အဓိပ္ပာယ်ကိုသာ စိတ်ဝင်စားပါက ၎င်းတို့ကို ကျော်လွှား၍ ဖတ်မည်ဆိုပါကလည်း စာအုပ်၏ အနှစ်သာရကို ထိခိုက်မည်မဟုတ်ပါ။ သို့ဖြစ်၍ စာအုပ်တစ်အုပ်လုံးကို စာဖတ်သူ နှစ်သက်သဘောကျသည့် နည်းဖြင့် ဖတ်ရှုနိုင်သည့်စာအုပ် ဖြစ်ပါသည်။