PC System Administration

ဇော်လင်း (Youth)

1000 Kyats ကျပ်
ဒီစာအုပ်ကို “အဓိက ရည်ရွယ်တာကတော့ မျိုးဆက်သစ်တွေအတွက်ပါပဲ” လို့ စာရေးသူက ဆိုထားပါတယ်။ Windows Installation ကို ရုပ်ပုံတွေနဲ့တကွ တစ်ဆင့်ချင်း ဖော်ပြပေးထားတာဖြစ်လို့ ကိုယ့်ဘာသာကိုယ် စာအုပ်ဖတ်ပြီး လေ့လာနိုင်မှာပါ။ တစ်ခေါက်ဖတ်ရုံနဲ့တော့ တချို့ဟာတွေကို နားလည်မှာ မဟုတ်လို့ သေချာဖတ်ပြီး လေ့ကျင့်ဖို့လိုပါလိမ့်မယ်။ အိပ်ဖတ်လိုက် ထိုင်ဖတ်လိုက် လုပ်လို့ရတဲ့ အကြောင်းအရာမျိုးလည်းမဟုတ်တော့ ကွန်ပျူတာဖွင့်ပြီး တစ်ခါတည်း တွဲစမ်းကြည့်မှ ရပါလိမ့်မယ်။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းကို ရှာဖွေနေရင်တော့ ဒီစာအုပ်ကို အခုပဲဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။