လူစားလဲသည့် ... ည

ဇော်မင်းအောင်

200 Kyats ကျပ်
မြို့ပြင်က သရက်ခြံကြီးထဲမှာ သူငယ်ချင်းဖြစ်သူနဲ့ အရက်အတူတူသောက်ရင်း ညအိပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကျော်စွာတစ်ယောက်၊ အရက်ထွက်ဝယ်တဲ့ သူငယ်ချင်းဖြစ်သူက မူးမူးနဲ့ ပြန်မလာတော့တာမို့ ကျော်စွာတစ်ယောက်တည်း ပုစွန်ကြော်နဲ့ အရက်လက်ကျန်လေး သောက်လိုက်မြည်းလိုက် လုပ်နေတုန်း ခေါင်းရင်းသရက်ပင်ပေါ်က အမွေးထူထူ ဝပြဲပြဲ သရဲမကြီးက ပုစွန်ကြော် တောင်းစားပါတော့တယ်။ အဲဒီက စလို့ သရဲတွေ တစ်ကောင်ပြီးတစ်ကောင် တဲပတ်ပတ်လည်ကို ရောက်လာကြပြီး နေရာတောင်းသူကတစ်မျိုး၊ အစာတောင်းသူကတစ်မျိုးနဲ့ ချောက်ချားစရာ ညတစ်ညကို ကျော်စွာ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ မြင်တွေ့ရမယ့် ချောက်ချား တုန်လှုပ်စရာကောင်းတဲ့ ဖြစ်ရပ်မှန် သရဲဇာတ်လမ်းတစ်ပုဒ်။ ဒီဇာတ်လမ်းကို တစ်ယောက်တည်း ညဘက်မှာ ဖတ်မိခဲ့ရင်တော့ ကိုယ့်ကိစ္စနဲ့ကိုယ်ပဲနော်။ သေချာတာကတော့ ဖတ်ရင်းဖတ်ရင်း ကြက်သီးတဖြန်းဖြန်းထ၊ ခြေဖျားလက်ဖျားတွေ အေးပြီး နောက်ကျောမလုံ ဖြစ်နေရမှာ။ ကိုယ်သာ ကျော်စွာလို ကြုံခဲ့ရရင် ဆိုတဲ့အတွေးနဲ့ အိပ်မက်ဆိုးတွေပါ မက်သွားနိုင်ပါတယ်။