ထိပ်နီနှင့် ဦးဌေး ပါဝင်သော တစ္ဆေချစ်မန္တန်

ဇော်မင်းအောင်

200 Kyats ကျပ်
ဦးဌေးက စီးပွားရေး အတန်အသင့်ပြည့်စုံပြီး စိတ်ကောင်းရှိတဲ့ လူကြီးတစ်ယောက်ပါ။ အလုပ်အကိုင်အဆင်ပြေသလို ဘုရားတရားလည်း လိုက်စားတယ်။ ဒီ့အပြင်၊ ဂါထာမန္တန်တွေကိုလည်း ဝါသနာကြီးတယ်။ ဗုဒ္ဓဘာသာက ဂါထာမန္တန်တွေတင်မကဘဲ တခြား ဘယ်ဘာသာက မန္တန်ဖြစ်ဖြစ် စိတ်ဝင်စားသူမို့ နှံ့နှံ့စပ်စပ် လေ့လာတယ်။ အားရင် သူ့နှုတ်က မန္တန်တစ်ပုဒ်ပုဒ် ရွတ်နေတာ များတယ်။ ပြီးတော့ ဦးဌေးက ညနေစောင်းဆို ရွာထိပ်က သစ်ပင်အောက်မှာ ကာလသားတွေနဲ့ ဝိုင်းဖွဲ့သောက်စားတတ်သေးတယ်။ သောက်တယ်ဆိုတာက ပျော်ပျော်နေတတ်သူမို့ နည်းနည်းသောက်ပြီး များများ စကားပြောချင်လို့ လူငယ်တွေနဲ့ ဝိုင်းလေ့ရှိတာ။ တစ်နေ့ … ဦးဌေးတစ်ယောက် ဆာဒူးကြီးတစ်ပါးနဲ့တွေ့ပြီး ဆာဒူးကြီးဆီက မန္တန်တစ်ပုဒ် သင်ယူခဲ့တယ်။ နောက်တစ်ညမှာ လူငယ်တွေနဲ့ သောက်စားပြီး အားလုံးပြန်ချိန်အထိ ဦးဌေးက မပြန်သေးဘဲ သစ်ပင်အောက်မှာ ဆာဒူးကြီး သင်ပေးတဲ့ မန္တန်ကို ရွတ်ဆိုလိုက်မိတယ်။ မန္တန်လည်း ဆုံးရော … သစ်ပင်ပေါ်ကနေ ခုန်ဆင်းလာတာက မဲမဲလုံးလုံး အကောင်ကြီးကြီး တစ္ဆေကြီးတစ်ကောင်။ မန္တန်အစွမ်းကြောင့် တစ္ဆေကြီးဟာ ဦးဌေးရဲ့ အစောင့်အရှောက် ဖြစ်သွားခဲ့သတဲ့။ အဲဒီကစလို့ ထိပ်နီတစ္ဆေနဲ့ ဦးဌေးတို့ မိတ်ဆွေအပေါင်းအသင်း ဖြစ်ပြီး ထိပ်နီကြီးက ဦးဌေး လိုအင်ဆန္ဒတွေကို ကူညီပေးပါတော့တယ်။ ကဲ … ထိပ်နီနဲ့ ဦးဌေး ပေါင်းပြီး ဘာတွေ ဆက်လုပ်ကြမလဲဆိုတာကို စိတ်ဝင်စားနေကြပြီ မဟုတ်လား။