မူးယစ်ရာဇာရဲ့ချစ်သူ

ဇောင်း

600 Kyats ကျပ်
မြန်မာနိုင်ငံရဲ့ အကြီးဆုံး မူးယစ်ရာဇာတစ်ယောက်၊ အာရှတိုက်မှာလည်း ကြီးစိုးတဲ့သူ ! သူ့နာမည်က ခွန်နေမာန်။ သူက အမေဖြစ်သူနဲ့ နောက်ယောက်ျားရဲ့ မိသားစုကို မုန်းတီးနေတာ၊ အထီးကျန်နေပြီး၊ အရမ်းကို ခက်ထန်တဲ့သူတစ်ယောက်ပေါ့။ ဖြူစင်တဲ့ကောင်မလေး ပိုးရွှေနွေးကို ဦးစိုးကြည်ဆီက အပေါင်ပစ္စည်းအဖြစ် သိမ်းယူလာခဲ့တယ်။ တကယ်တော့ သူကယ်လာခဲ့တာပါ။ ရွှေနွေးကလည်း ဦးစိုးကြည်ရဲ့ သမီးအရင်း မဟုတ်ပြန်ဘူး ! အရင်တုန်းက ခက်ထန်ပြီး နူးညံ့လေ့မရှိတဲ့ နေမာန်က ရွှေနွေးကို အရမ်းဂရုစိုက်သလို နူးနူးညံ့ညံ့ဆက်ဆံတယ်။ နေမာန့်မှာက ဘယ်လက်ရုံး၊ ညာလက်ရုံးအပြင်အားကိုးရသူ သုံးယောက်လည်းရှိသေးတယ်။ သူတို့က ခံစစ်၊ စစ်ရောင်နဲ့ နန်းစိုးဦး။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ခံစစ်က ရွှေနွေးကို ရင်းနှီးသလို ခံစားနေရတာပါပဲ။ အဲဒီကစလို့ ကံကြမ္မာရဲ့ အမှတ်မထင်လှည့်စားမှုတွေ၊ ဒုစရိုက်လောကသားတွေရဲ့ တိုက်ပွဲတွေကြားထဲက နူးညံ့တဲ့ချစ်ခြင်းတွေကို စတင်ပြီး ဖတ်ရှုခံစားရတော့မှာ ... လက်မချတမ်းကို ဖတ်မိသွားတော့မှာပါပဲ။