အောင်မြတ်သာနှင့် သွေးစုပ်ငှက်ပျောပင်

ဇယေန(ရာမည)

200 Kyats ကျပ်
အောင်မြတ်သာရဲ့ တပည့်ကျော် ဖြစ်လာမယ့် သက်ခိုင်တစ်ယောက် လူပေလူတေ အရက်သမားဘဝနဲ့ နေထိုင်ခဲ့ရာက အောင်မြတ်သာနဲ့ တွေ့ဆုံပြီး ဆရာနဲ့အတူ အောက်လမ်း၊ ပယောဂ၊ နတ်တိုက်၊ စုန်းတိုက်တွေကို လိုက်လံနှိမ်နှင်းရင်း တစ်ကြိမ်မှာတော့ မြန်မာပြည်အောက်ပိုင်းဒေသ ရာမညခေါ် မွန်ပြည်နယ်ဘက်ကို ရောက်ရှိလာခဲ့တယ်။ မုဒုံနယ်ဘက်က တစ်နေရာမှာ ဆရာတပည့်နှစ်ယောက် ပုတီးစိပ်၊ အင်းကွက်ရေးဆွဲလို့ ကိုယ့်အလုပ် ကိုယ်လုပ်နေချိန်မှာပဲ ထူးခြားမွှေးပျံ့တဲ့ ရေမွှေးနံ့တစ်မျိုးကို ရလိုက်ကြတယ်။ သာမန်ရေမွှေးနံ့နဲ့ လုံးဝမတူတဲ့ ရနံ့မျိုးပေါ့။ ရေမွှေးနံ့နဲ့ မရှေးမနှောင်းမှာ အနက်ရောင်ဝမ်းဆက်နဲ့ မိန်းမငယ်သုံးဦး သူတို့အနား ထိုင်နေတာကို တွေ့လိုက်ရတယ်။ ကဲ၊ သူတို့ရယ်၊ အောင်မြတ်သာတို့ရယ်၊ သွေးစုပ်ငှက်ပျောပင်နဲ့ ဘယ်လိုတွေ ဆက်စပ်နေမလဲ ?