အောင်မြတ်သာနှင့် ဝိညာဉ်စွဲကပ်မှန်တစ်ချပ်

ဇယေန(ရာမည)

200 Kyats ကျပ်
"မှန်" လို့ခေါ်တဲ့ နောက်ခံပြဒါးသုတ်ထားတဲ့ ပစ္စည်းလေးဟာ သာမန်လူတွေအတွက်ကတော့ နေ့စဉ်သုံးစွဲနေကျ ရိုးရိုးအသုံးအဆောင်ပစ္စည်းလေးပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာ အဓိကကျတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်နေတဲ့ မှန်တစ်ချပ်ကတော့ သာမန်မှန်တစ်ချပ်လို မဟုတ်ဘဲ ထူးခြားဆန်းကြယ်မှုတွေ ပြည့်နေတဲ့ မှန်တစ်ချပ်ပါ။ တစ်နေ့မှာ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက်ဟာ မှန်တစ်ချပ်ကို ရှေးဟောင်းပစ္စည်းဆိုင်ကနေ မမျှော်လင့်ဘဲ ရရှိခဲ့ကြတယ်။ ခက်တာက သူတို့ ရခဲ့တဲ့ မှန်ဟာ ရိုးရိုးမှန်မဟုတ်ဘဲ ကနုတ်တွေစီခြယ်ပြီး ထူးခြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရှေးဟောင်းမှန် ဖြစ်နေတဲ့အပြင်၊ မှန်ထဲမှာ အပိတ်လှောင်ခံထားရတဲ့ မိန်းမပျိုလေးကိုပါ တွေ့လိုက်ရတဲ့အခါ အောင်မြတ်သာအဖို့ ဒီမှန်ချပ်လေးက စိတ်ဝင်စားစရာတွေ ဖြစ်လာရပါတော့တယ်။ မိန်းမပျိုလေးဟာ မှန်ထဲကို ဘယ်လိုရောက်နေတာလဲ၊ စန္ဒကူးဆိုတဲ့ ဒီမိန်းကလေးရဲ့ ဘဝဇာတ်ကြောင်းက ဘယ်လိုလဲ၊ အောင်မြတ်သာက မိန်းမပျိုလေးကို ပညာစွမ်းနဲ့ မှန်ထဲကနေ ဘယ်လိုကယ်တင်ပေးမလဲဆိုတာတွေအပြင် အောင်မြတ်သာရဲ့ အတိတ်ဘဝ တစ်စိတ်တစ်ပိုင်းကိုပါ လှစ်ဟပြထားတာမို့ သာမန် ဖြစ်ရိုးဖြစ်စဉ်တွေထဲကနေ ကွဲထွက်နေတာကိုမှကြိုက်တဲ့ စာချစ်သူတို့အတွက် လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းလေးပါပဲနော်။