အောင်မြတ်သာနှင့် ဘုရားစောင့်မြွေ

ဇယေန(ရာမည)

200 Kyats ကျပ်
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် ရုတ်တရက် လန့်သွားတယ် မြွေ အကောင်ပေါင်းများစွာ ဇရပ် ပတ်ပတ်လည်မှာ အရွယ်စုံ အမျိုးစုံ မြွေတွေက ကြက်သီးထစရာ။ ကျွန်တော်လည်း ကိုတောက်ရကို နှိုးလိုက်ပြီး လက်ညှိုး ထိုးပြလိုက်တယ်။ ကိုတောက်ရက မြွေတွေကို ကြည့်ပြီး "ဟေ့လူ မြွေတွေ အများကြီးပဲ လုပ်ဦး ဇရပ်ပေါ် တက်လာပြီး ပေါက်နေဦးမယ် လုပ်… လုပ်ဦးလေ" ကျွန်တော် ကိုတောက်ရကို ကြည့်ပြီး "ဘာမှမပူပါနဲ့ ကျွန်တော် ရှိပါတယ် ဒါနဲ့ ကိုတောက်ရ ခင်ဗျား မြွေတွေကို ကြောက်လို့လား" "ဟာ… ကြောက်တာပေါ့ သူတို့အဆိပ်က အရမ်း ကြောက်ဖို့ ကောင်းတာ လူကို ပေါက်မိတာနဲ့ တုံးခနဲသေတာ ဟိုအနီရောင်နဲ့မြွေဆို ပေါက်ပြီး မိနစ်ပိုင်းအတွင်း နှလုံးသွေးခဲပြီး သေတာ" "ဟင် ခင်ဗျားက ဒါတွေ ဘယ်လိုသိနေတာလဲ မြွေတွေကို ကြောက်တယ်လည်း ပြောတယ် အခုလို ကျတော့လည်း ပြောလိုက်တာ မြွေလမ္မာယ်ဆရာ ကျနေတာပဲ" "အဲဒါတော့ မသိဘူးဗျာ ကျုပ်စိတ်ထဲရှိတာ ပြောလိုက်တာ လုပ်ဦး ဟိုမှာ တက်လာတော့မယ်" ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန် "သက်ခိုင် ဒီအချိန်မှာ တောက်ရ မှတ်ဉာဏ်ပြန်ရအောင် လုပ်ရမယ် သူတို့က မင်းရော တောက်ရကိုပါ သတ်ဖို့လာတာ အခုချိန် မှတ်ဉာဏ်ပြန်ရအောင် လုပ်တော့" ဆိုတဲ့အသံက နားထဲဝင်လာတယ်။