အောင်မြတ်သာနှင့် ဖိုဝင်ဇော်ဂျီ

ဇယေန(ရာမည)

200 Kyats ကျပ်
စာချစ်သူက ဂမ္ဘီရဆန်တဲ့ ထူးခြားဆန်းကြယ်တာမျိုးမှ ဖတ်ချင်ပါတယ်ဆိုရင် "အောင်မြတ်သာနှင့် ဇော်ဂျီဖိုဝင်" ဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ လောကမှာ သာမာန်လူတွေ ဥာဏ်မမီနိုင်တဲ့ ကိစ္စမျိုးတွေ ရှိကြပါတယ်။ အဲ့ဒီအထဲမှာ ဇော်ဂျီဆိုတာလည်း အပါအဝင်ပါ။ မဟာဝန်တောကြီးထဲမှာ ဖိုဝင်မယ့် ဇော်ဂျီတစ်ပါးက အကူအညီတောင်းတာကြောင့် အောင်မြတ်သာတို့ ဆရာတပည့်တွေဟာ မဟာဝန်တောကြီးထဲ ရောက်ခဲ့ကြပါတယ်။ ဇော်ဂျီတစ်ပါး ဖိုဝင်တဲ့အခါ ဖိုဝင်သားစားချင်ကြတဲ့ နတ်တွေ၊ တခြားဇော်ဂျီတွေက ပရိယာယ်အမျိုးမျိုးနဲ့ ကြိုးစားကြပါတယ်။ ဖိုဝင်သားစားမိရင် ရမယ့်အကျိုးကျေးဇူးတွေကလည်း နည်းမှမနည်းတာကိုး။ ဒီလိုနဲ့ အန္တရာယ်တွေကြားမှာ ဇော်ဂျီဟာ သူဖိုဝင်တာကို အောင်မြင်အောင် ဆောင်ရွက်နိုင်မလား၊ အောင်မြတ်သာတို့ကလည်း ဇော်ဂျီကို ဘေးရန်အသွယ်သွယ်ကနေ လွတ်ကင်းအောင် ကာကွယ်နိုင်ပါ့မလားဆိုတာ ဆရာဇေယနက စိတ်ဝင်စားဖွယ်ရေးထားတာမို့ အခုပဲ ဖတ်ကြည့်လိုက်ပါနော်။