အောင်မြတ်သာနှင့် ဇရပူရမြို့ဟောင်း

ဇယေန(ရာမည)

200 Kyats ကျပ်
..."ဒီရတနာတွေက ရဟန္တာ (၃၃) ဆူရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ရတနာတွေပဲ ဖြစ်တယ်။ နောက်ဆုံးကျန်တဲ့နေရာကတော့ ဇရပူရမြို့သူမြို့သားတွေရဲ့ ရတနာပစ္စည်းတွေကို ထားဖို့ရည်စူးပြီး ပြုလုပ်ထားခဲ့ကြတာ ကွန်ပရဲတီးမြို့သားတွေ လှူတဲ့ ရတနာပစ္စည်းတွေက ရဟန္တာ (၃၂) ပါးစာပဲ ရှိတဲ့အတွက် ကျန်တဲ့ရဟန္တာတစ်ပါး အတွက် ရတနာပစ္စည်းတွေကို ဇရပူရမြို့သူမြို့သားတွေ လှူဒါန်းဖို့ စီစဉ်ခဲ့ကြတယ်။ ဒီစေတီတော်ကိုတည်ပြီး ဌာပနာထည့်တဲ့အချိန်မှာ စစ်ပွဲကြီးတစ်ခုဖြစ်ခဲ့တယ်။ ဒီစစ်ပွဲကြောင့် ဌာပနာပစ္စည်းတွေကို ဌာပနာဖို့ အခက်အခဲဖြစ်ခဲ့တယ်။ ကွန်ပရဲတီးမြို့သားတွေ လှူဒါန်းခဲ့တဲ့ ရတနာပစ္စည်းတွေကို ဌာပနာသွင်းပြီး နောက်ဆုံးကျန်နေတဲ့တစ်ပုံကို ဌာပနာထည့်မယ့် အချိန်မှာ ဇရပူရမြို့ဟာ ရန်သူတွေရဲ့စီးနင်းမှုကို ခံခဲ့ကြရတယ် …”