အောင်မြတ်သာနှင့် ကန်သုံးကန်ရွာ

ဇယေန(ရာမည)

200 Kyats ကျပ်
ရှေ့အပိုင်းမှာ မှင်စာနှစ်ကောင် အကူအညီတောင်းလို့ အောင်မြတ်သာတို့ဆရာတပည့်တွေ ကန်သုံးကန်ရွာကိုသွားတယ်။ သွားရတာက မှင်စာနှစ်ကောင်ဘဝကူးဖို့အတွက် သူတို့စိတ်စွဲနေတဲ့ ပိုက်ဆံကိုရှာပြီး အလှူပေးဖို့ပါ။ ဒါပေမဲ့၊ သူတို့ပိုက်ဆံတွေက နတ်သမီးရေကန်လို့ နာမည်ကြီးတဲ့ ဥစ္စာစောင့် ညီအစ်မသုံးယောက်စောင့်တဲ့ ကန်ထဲရောက်နေပါတယ်။ အဲဒီညီအစ်မသုံးယောက်က ကြမ်းတယ်။ သူတို့ကန်နားကို ဘယ်ယောက်ျားမှ အလာမခံဘူး။ လာသမျှ မရဏလမ်း ကြွမြန်းပဲ။ ဒီအပိုင်းမှာတော့ ကျနော်တို့ထင်သလို အောင်မြတ်သာရဲ့ အစွမ်းကို သိပ်မြင်ရမှာမဟုတ်ဘူးဗျ။ ထူးထူးခြားခြား မြင်ရခဲတဲ့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့အစွမ်းတွေကို မြင်ရမှာပါ။ နဂါးတွေ၊ ဥစ္စာစောင့်တွေနဲ့ သက်ခိုင်တို့နှစ်ယောက်ရဲ့ တိုက်ပွဲက အရမ်းမိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။