အောင်မြတ်သာနှင့်ကြောင်နက်မှော်

ဇယေန(ရာမည)

200 Kyats ကျပ်
ပြီးခဲ့တဲ့ တစ်ပုဒ်တုန်းက အောင်မြတ်သာရဲ့ အတိတ်ဘဝအဖြစ်အပျက်တွေနဲ့ ဝေမာနိက ပြိတ္တာဘုံသားတွေရဲ့ ပတ်သက်ဆက်စပ်မှုတွေကို ဖတ်ခဲ့ကြပြီးပြီနော်။ ဒီတစ်ခါမှာတော့ အောင်မြတ်သာတစ်ယောက် အတိတ်ဘဝက အစ်ကိုတော်ဖြစ်တဲ့ အသူရကာယ်ဘုံသားကို သာသနာပြုဖို့ သတိပေးပြီးတဲ့နောက်မှာ ကြောင်နက်မှော်နဲ့ ဘယ်လို ရင်ဆိုင်ရဦးမလဲဆိုတာကို ဆက်စပ်ဖတ်ရှုကြရမှာပါ။ ကြောင်နက်မှော် ဆိုတာ ဘာလဲ၊ ကြောင်နက်မှော်ကို အောင်ထားတဲ့ အစွမ်းထက်သူတစ်ဦးက ဘယ်လိုလူမျိုးလဲ၊ ဘယ်လို မှော်အစွမ်းတွေ ရှိပြီး ဘယ်လို အစွမ်းပြလေမလဲ။ အောင်မြတ်သာတစ်ယောက် ကြောင်နက်မှော် အောင်ထားသူ ပုဂ္ဂိုလ်ကို လိုက်လံရှာဖွေရင်း သုဿာန်ပျက်တစ်ခုထဲ ရောက်လာခဲ့တဲ့ ညတစ်ညမှာ၊ တစ်ကိုယ်လုံး နက်မှောင်နေတဲ့ ကြောင်နက်တစ်ကောင် အုတ်ဂူတစ်လုံးပေါ် ခုန်တက်လာတာကို တွေ့လိုက်ရပါတယ်။ အောင်မြတ်သာက ကြောင်နက်ကို မြင်တာနဲ့ တန်းသိလိုက်တယ်။ ပင်ကိုအရှိအတိုင်း ရုပ်သွင်ပြဖို့ ပြောလိုက်တဲ့အခါ ကြောင်နက်ဟာ အောင်မြတ်သာရှေ့ ဒူးထောက်လျက်သား လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ အဲဒီနောက် ကြောင်နက်လူသားဟာ သူ့ရဲ့ အခက်အခဲ၊ အတွေ့အကြုံ၊ အဖြစ်အပျက်တွေကို အောင်မြတ်သာဆီ ရင်ဖွင့်အကူအညီတောင်းခဲ့ပါတယ်။ ကဲ … စိတ်ဝင်စားစရာတော့ ကောင်းနေပါပြီ။ ကြောင်နက်မှော်နဲ့ အောင်မြတ်သာရဲ့ ဖြစ်စဉ်တွေက စာချစ်သူတို့ကို ဖမ်းစားသွားမှာတော့ အသေအချာပါပဲ။ ဘယ်လို ဖမ်းစားမလဲ ဆိုတာကတော့ …