အောင်မြတ်သာနှင့် မြေစွဲသရဲ

ဇယေန(ရာမည)

200 Kyats ကျပ်
>> လူရယ်လို့ဖြစ်လာရင် လောဘကြီး၊ အတ္တကြီး၊ အစွဲကြီးတဲ့အကျင့်ရှိရင် မကောင်းပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဒုက္ခရောက်ရသလို ကိုယ့်အနားမှာရှိတဲ့လူတွေလည်း ဒုက္ခရောက်ကြရပါတယ်။ အခုလည်း စုံတောမြိုင်ရွာမှာ လောဘ၊ အတ္တ၊ အစွဲ အရမ်းကြီးနဲ့ ဒေါ်ဂျမ်းဘုံတစ်ယောက် စီးပွားကို ကုန်းရုန်းရှာပြီးနောက်၊ သေဆုံးသွားတယ်။ >> တစ်ကိုယ်ကောင်းစိတ်ရှိတဲ့လူဆိုတော့ မကျွတ်လွတ်ဘူး။ အမျှဝေတော့လည်း လက်မခံဘူး။ သူ့ခြံထဲဝင်လာ သူမှန်သမျှကို ဒုက္ခပေးမယ်။ တစ်နေ့မှာတော့ သူဒုက္ခမပေးနိုင်တဲ့ လူသုံးယောက်ပေါ်လာပါတယ်။ အဲဒီလူတွေကတော့ အောင်မြတ်သာတို့ဆရာ တပည့်ပါပဲ။ ဒေါ်ဂျမ်းဘုံကို သူတို့ဘယ်လို ဆုံးမလဲ ? ဘယ်လိုမျိုးအကျွတ် တရားရအောင် လုပ်မလဲ ? အောင်မြတ်သာတို့ ဆရာတပည့်ရဲ့ သည်းထိတ်ရင်ဖို ဂမ္ဘီရအက်ရှင်ခန်းတွေကို ဖတ်ကြည့်လိုက်ရအောင်!