အောင်မြတ်သာနှင့် သွေးသောက်ဓား

ဇယေန(ရာမည)

200 Kyats ကျပ်
မြန်မာနိုင်ငံအောက်ပိုင်း မြို့လေးတစ်မြို့မှာ ရှေးခေတ်တုန်းက အင်္ဂလိပ်အရာရှိတွေ နေထိုင်ခဲ့တဲ့ အိမ်ဟောင်းတစ်လုံးရှိခဲ့တယ်။ တစ်မြို့လုံးမှာရှိတဲ့ လူတွေက အဲဒီအိမ်ကြီးကို စိတ်ချောက်ချားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ကြီးလို့ သတ်မှတ်ထားကြတယ်။ ဘယ်သူမှမဝယ်ဘဲ ပစ်ထားခဲ့တဲ့ အိမ်အိုကြီးကို သူဌေးဦးကောင်းက ဝယ်လိုက်တယ်ဆိုတဲ့သတင်းက တစ်မြို့လုံး ပျံ့သွားခဲ့တယ်။ ဦးကောင်းဆိုတာက ဒီဇာတိမဟုတ်ဘူး။ တစ်နယ်တစ်ကျေးကနေ အလုပ်လာလုပ်ပြီး ကြီးပွားလာသူတစ်ယောက်။ သူရဲ့ ဝါသနာက ရှေးဟောင်းပစ္စည်းတွေကို ဝယ်တယ် ။ ကြိုက်ဈေးရရင် ပြန်ရောင်းတယ်။ အခုလည်း အိမ်အိုကြီးကို ဝယ်လိုက်ပြန်တယ်။ ဘယ်သူမှ မဝယ်ဘဲ ပစ်ထားတဲ့ အိမ်ကို ဝယ်လိုက်တယ်ဆိုထဲက ဦးကောင်းမှာ အကြံအစည်တစ်ခု ရှိကြလိမ့်မယ်ဆိုပြီး မြို့ခံတွေက ပြောကြတယ်။ အိမ်အိုကြီးဆီကို စတင်ပြောင်းရွှေ့ပြီး ပြင်သင့်တာတွေပြင် လဲသင့်တာတွေ လဲနေတဲ့အချိန် အိမ်အောက်ခြေမှာ လျှို့ဝှက်ဆောက်လုပ်ထားတဲ့ စတိုခန်းတစ်ခုကို ဦးကောင်းရဲ့ တပည့်တစ်ယောက်က တွေ့သွားရာကနေ ဇာတ်လမ်းက စတင်ခဲ့တယ်။ ဘယ်လို ထူးခြားအံ့သြစရာတွေ တွေ့ကြုံရမလဲ၊ အောင်မြတ်သာကရော ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာကိုတော့ …