အောင်မြတ်သာနှင့် အစိမ်းပြင်ရွာမှဖြစ်ရပ်ဆန်း

ဇယေန(ရာမည)

200 Kyats ကျပ်
ဒီကိစ္စဖြစ်တာကတော့ အစိမ်းပြင်ရွာ။ ပြဿနာအစက ဘာရယ်မဟုတ်ပါဘူး။ ရွာနားမှာရှိတဲ့ ချောင်းနဲ့ ရွာနဲ့ကို ရေသွယ်မြောင်းဖောက်ရာကနေစတာ။ သူကြီးမောင်ထိန်က သူ့ရွာသားတွေ လယ်ယာလုပ်ရတာ အဆင်ပြေအောင် တစ်ရွာလုံးအားနဲ့ ရေသွယ်မြောင်းဖောက်ရမယ်ဆိုပြီး ပြောတယ်။ ရွာသားတွေကလည်း မောင်ထိန်ကို ချစ်ကြောက်ရိုသေဆိုတော့ သဘောတူကြတယ်။ အဲဒီလို ရေသွယ်မြောင်းဖောက်နေတာ သိပ်မကြာသေးဘူး။ ညဖက်ကြီး သူကြီးဆီကို သျှောင်တစောင်းနဲ့ လူတစ်အုပ်လာပြီး ရေသွယ်မြောင်းဆက်မဖောက်ဖို့ လာပြောတယ်။ ဒါကို သူကြီးက ဂရုမစိုက်ပဲ ဆက်ဖောက်တဲ့အခါမှာ အောင်မြတ်သာတို့ ဆရာတပည့်တွေ ကူညီရတော့မယ့် အဖြစ်အပျက်တွေဖြစ်လာတော့တာပဲ။