အောင်မြတ်သာနှင့် ဝိညာဉ်လေးကောင်

ဇယေန(ရာမည)

200 Kyats ကျပ်
ကျွန်းတုံးရွာက မောင်ဝိ၊ ကျော်ကြီး၊ ဖိုးလူနဲ့ ထွန်းလှဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ငယ်ငယ်ကတည်းက ကစားဖော် ကစားဖက်၊ ပခုံးဖက်ပေါင်းလာခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေမို့ တစ်ယောက်နဲ့တစ်ယောက် သိပ်လည်း ချစ်ခင်ကြတယ်။ တစ်ယောက်အကူအညီလိုရင် တစ်ယောက်က လက်မတွန့်ဘဲ ကူညီပေးကြတယ်။ တစ်ခုတော့ ရှိတယ်။ ဒီလေးယောက်က အကျင့်စရိုက်၊ အကြိုက်သဘာဝတွေလည်း တူကြတယ်။ သူတို့ အကြိုက်ဆုံးကတော့ အရက်နဲ့ ထန်းရည်ပဲ။ အရက်နဲ့ ထန်းရည်သာ ဒီကမ္ဘာပေါ်မှာ မရှိတော့ဘဲ ငရဲပြည်မှာသာ ရနိုင်တော့မယ် ဆိုရင်တောင်၊ သူတို့လေးယောက်က ငရဲပြည်ကို လက်နဲ့ယက်ဆင်းပြီး အရက်သွားသောက်မယ့် လူစားတွေ။ တစ်နေ့ သူတို့လေးယောက် ရေတွင်းပျက်တစ်တွင်းကို ဆင်းဖော်ကြရင်း ထူးဆန်းစွာနဲ့ အတူတူ သေသွားကြတယ်။ ကဲ … ဒီလောက်ဆိုရင် အောင်မြတ်သာနဲ့ ဝိညာဉ်လေးကောင်တို့ ဘယ်လို စခန်းသွ