အောင်မြတ်သာနှင့် လူသူတော်

ဇယေန(ရာမည)

200 Kyats ကျပ်
မမင်းလှဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို အကြိမ်ကြိမ် မြင်မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူတို့လင်မယားနှစ်ယောက် အိပ်နေချိန်၊ အိမ်ရှေ့တံခါးကနေ လူတစ်ယောက် သနားစရာ ညည်းညူရင်း အိမ်ထဲဝင်ခွင့်တောင်းနေတယ်။ သူတို့ တံခါးဖွင့်ပေးလိုက်တဲ့အခါ ဓားဒဏ်ရာနဲ့ သွေးအလူးလူး ဖြစ်နေတဲ့ လူကြီးတစ်ယောက်က သူတို့အိမ်မှာ နေခွင့်တောင်းတာကို ခဏခဏ မက်တယ်။ မကြာခင်မှာပဲ မမင်းလှတစ်ယောက် ကိုယ်ဝန်ရှိလာခဲ့တယ်။ ကိုယ်ဝန်သည်တွေရဲ့ သဘာဝအရ ချဉ်ချင်းတပ်တာမျိုး ရှိတယ်။ မမင်းလှလည်း ချဉ်ချင်းတပ်တာပေါ့။ ကိုးတောင်ပြည့်စေတီရဲ့ ထီးတော်ကနေ ကျတဲ့ မိုးရေကိုမှ သောက်ချင်တဲ့ ချဉ်ချင်း။ ဒီလိုနဲ့ သားကလေးတစ်ယောက် မွေးလာခဲ့ပါရော။ သားကလေးကို ရွှေထီးလို့ နာမည်ပေးခဲ့ကြတယ်။ အဲဒီလို ထူးခြားတဲ့ မောင်ရွှေထီးလေးနဲ့ အောင်မြတ်သာတို့ ဘယ်လိုဘယ်ပုံ ဆုံတွေ့ကြမလဲ ဆိုတာကတော့ …