အောင်မြတ်သာနှင့် လက်ခမောင်းဘကျော်

ဇယေန(ရာမည)

200 Kyats ကျပ်
ခြေဖဝါးသုံးတောင်ကို ဆုံးမပြီးတဲ့နောက်မှာ အောင်မြတ်သာတစ်ယောက် သက်ခိုင်တို့နဲ့ ချိန်းထားတဲ့ မုဆိုးထိုင်စေတီရှိရာ နယ်ဘက်ဆီ ပြန်လည်ခရီးဆက်ခဲ့ပါတယ်။ ခရီးဆက်လာရင်း တစ်နေရာအရောက်မှာတော့ လူတွေ ဝိုင်းအုံနေတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။ ဒါပေမဲ့ အောင်မြတ်သာက ကိုယ့်ခရီးကိုယ်ဆက်သွားဖို့ ဆုံးဖြတ်ပြီး လူအုပ်ကြီးကို ကျော်ထွက်လာခဲ့တယ်။ ဒီအချိန်မှာပဲ အဘွားအိုတစ်ဦးက အောင်မြတ်သာကို လှမ်းခေါ်ပြီး ဒီနေရာမှာ ဖြစ်ပွားနေတဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ အကူအညီတောင်းပါတယ်။ ဒီပြဿနာက ဘယ်လိုများလဲ၊ လက်ခမောင်းဘကျော်ဆိုတာ ဘယ်လိုလူစားလဲ၊ ဘယ်လို ပညာရှင်မျိုးလဲ၊ ဘယ်လိုအစွမ်းထက်သလဲ၊ အောင်မြတ်သာနဲ့ လက်ခမောင်းဘကျော်တို့ ရင်ဆိုင်ဆုံတွေ့ကြတဲ့အခါ ဘယ်လောက်အထိ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာလေမလဲ၊ ကဲ … စာချစ်သူတို့ကိုယ်တိုင် ဒီဇာတ်လမ်းလေးကို ဖတ်ရှုခံစားကြည့်ကြပါနော်။