အောင်မြတ်သာနှင့် မုဆိုးထိုင်စေတီ

ဇယေန(ရာမည)

200 Kyats ကျပ်
ကိုထွန်းနဲ့ မသိန်းတို့ လင်မယားက ရိုးရိုးအေးအေး တောသူတောင်သားတွေပါပဲ။ ကိုထွန်းက တစ်ခါတလေ သောက်တတ်စားတတ်တယ် ဆိုပေမဲ့ မိန်းမအပေါ်တော့ ကောင်းရှာတယ်။ ဘယ်လောက်မူးမူး မိန်းမကို ပြဿနာလုပ်တာမျိုးလည်း မရှိဘူး။ ပြီးတော့ လင်မယားနှစ်ယောက်စလုံးက ကုသိုလ်ရေးဆိုလည်း လက်မနှေးကြပါဘူး။ ငွေကြေးအရ မတတ်နိုင်ရင်တောင် လုပ်အားနဲ့ ဒါနပြု ကုသိုလ်ယူတတ်ကြတယ်။ စိတ်တူကိုယ်တူလည်း ရှိကြတယ်။ ဒါကြောင့် ကိုထွန်းတို့ လင်မယားကို တစ်ရွာလုံးက ချစ်ကြတာပေါ့။ သူတို့ရွာမှာ စေတီတစ်ဆူ ရှိတယ်။ စေတီအနားက ဇရပ်က အတော်လေး ဟောင်းအိုနေပြီ။ ပြိုခါနီးစဲစဲ အခြေအနေဆိုတော့ ဆရာတော်က ဇရပ်ကို ပြင်ဖို့ ရွာသားတွေကို သစ်ဝါးအရှာခိုင်းတဲ့အခါ ကိုထွန်းတို့လင်မယားလည်း တောထဲဝင်ပြီး သစ်ဝါးခုတ်ဖို့ ပြင်ကြတာပေါ့။ အဲဒီမနက်မှာ လင်မယားနှစ်ယောက် ထမင်းထုပ်လေးတွေနဲ့ တောထဲဝင်ခဲ့ကြတယ်။ ကုသိုလ်အရေးမို့ အားကြိုးမာန်တက် မနက်စောစောထပြီး သစ်ကောင်းဝါးကောင်းတွေ ရှာခုတ်ကြတယ်။ နေ့ခင်းလောက်ကျတော့ ဗိုက်ဆာလာတာနဲ့ ထမင်းထုပ်ဖြည်ပြီး စားကြဖို့ ပြင်ချိန် ထူးခြားတဲ့ လူတွေနဲ့ တောထဲမှာ ဆုံကြပါတော့တယ်။ အဲဒီလူတွေက ကိုထွန်းတို့လင်မယားကို ဘယ်လို ကူညီကြမလဲ၊ ဘယ်လို စောင်မကြည့်ရှုကြမလဲ၊ သူတို့က ဘယ်လိုပုဂ္ဂိုလ်တွေလဲ ဆိုတာကို စာချစ်သူတို့ သိချင်ရင်တော့ …