အောင်မြတ်သာနှင့် မီးတောက်ဘပြုံး

ဇယေန(ရာမည)

200 Kyats ကျပ်
>> သူများတကာကို ပညာနဲ့ပြုစားတယ်ဆိုတာ ကောင်းတဲ့အကျင့်တော့မဟုတ်ပါဘူး။ အခုလည်း မီးတောက်ဘပြုံးတို့ဆရာတပည့် သစ်ပုတ်ပင်တစ်ရွာလုံးကို ပြုစားပြီး ဆရာယောင်ပုံစံမျိုးနဲ့ လုပ်စားနေကြတယ်။ သူတို့ကို မကိုးကွယ်၊ မယုံကြည်တဲ့သူဆိုရင် စီးပွားပျက်အောင် လုပ်နေကြတယ်။ မီးတောက်ဘပြုံးဆိုတာကလည်း မီးစားစုန်းအဆင့်ရှိတော့ ပညာကမသေးဘူး။ တစ်နေ့တော့ ရွာနားကို ယောဂီဝတ်လူသုံးယောက် ရောက်လာတယ်။ သူတို့ကတော့ အောင်မြတ်သာတို့ ဆရာတပည့်သုံးယောက်ပဲ။ ကဲ … အောင်မြတ်သာတို့ဆရာတပည့်နဲ့ မီးတောက်ဘပြုံးတို့ဆရာတပည့် ဘယ်လိုတွေ ပညာပြိုင်ကြမလဲ ဆိုတာ ဖတ်ကြည့်လိုက်ရအောင်!