အောင်မြတ်သာနှင့် မီးစတစ်ဖက်ရေမှုတ်တစ်ဖက်

ဇယေန(ရာမည)

200 Kyats ကျပ်
အောင်မြတ်သာကတော့ ခုနစ်ရက်သားသမီးတွေကို ကူညီကယ်ဆယ်တဲ့အခါ နေရာဒေသမရွေးဘူးနော်။ ကူညီထိုက်ရင် ကူညီလိုက်တာပဲ။ ဒီဝတ္ထုမှာ သူကူညီတာက တခြားနေရာကတော့မဟုတ်ဘူး။ ထောင်ထဲက သရဲတစ်ကောင်ဗျ။ လူသတ်မှုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ထဲမှာ သေသွားတဲ့ ပံ့သကူ ဆိုတဲ့သရဲကို ကျွတ်လွတ်အောင်ကူညီပေးမှာ။ ဒီတော့အောင်မြတ်သာက ပံ့သကူသရဲ ကိုကူညီပေးဖို့ လူသတ်မှုဖြစ်ခဲ့တဲ့ နတ်သူငယ်ဆေးလိပ်ခုံကို ရောက်လာပြီးစုံစမ်းတယ်။ ပံ့သကူရဲ့ ချစ်သူရှိတဲ့ ဆေးလိပ်ခုံအထိ လိုက်စုံစမ်းတယ်။ ထင်တဲ့အတိုင်းပဲ ပံ့သကူက လူသတ်သမားမဟုတ်ဘူး။ သူကပျော်ပျော်နေတတ်သူ သက်သက်ပဲ။ လူသတ်တယ်ဆိုတာ မတရားစွပ်စွဲခံရတာ။ အစတုန်းက ပံ့သကူက သူလူမသတ်ကြောင်းငြင်းပေမယ့် နောက်တော့ နှိပ်စက်တဲ့ဒဏ်ကိုမခံနိုင်လို့ သူလုပ်ပါတယ်လို့ ဝန်ခံပြီး ထောင်ကျခဲ့ရတာ။ တကယ်သတ်သွားတဲ့လူကို မြင်လိုက်တာက ဒေါ်စနေမ တစ်ယောက်ပဲရှိတယ်။ ခက်တာက စနေမက ဆွံ့အနေသလို၊ နားလည်းမကြားဘူး။ ဒါပေမဲ့ အောင်မြတ်သာပဲလေ စနေမကို ကုပေးလိုက်တယ်။ ပြီးတော့ တရားခံအကြောင်းမေးတယ်။ လူသတ်သမားက မဲလုံး တဲ့။ ဒီတော့ မဲလုံး ဝန်ခံလာအောင်လို့ ပံ့သကူကိုခေါ်ပြီး ခြောက်လှန့်ခိုင်းလိုက်တယ်။ ဇာတ်လမ်းက ဒီလို စိတ်ဝင်စားစရာပါ။ အစကနေ အဆုံးအထိ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြှုပ်ကွက်တွေ၊ ထူးထူးဆန်းဆန်း အကြောင်းအရာတွေ အပြည့်ပဲ။ အောင်မြတ်သာ ပရိသတ်တွေအတွက်ကတော့ ဖတ်ရတာ တကယ်ကို စိတ်ကျေနပ်မှု အပြည့်အဝရစေမယ့် ဝတ္ထုပါပဲ။ ဇာတ်လမ်းအတိအကျနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဝတ္ထုထဲမှာ ဖတ်ရှုခံစားကြည့်ကြရအောင်ပါ။။