အောင်မြတ်သာနှင့် မရဏခေါ်သံ

ဇယေန(ရာမည)

200 Kyats ကျပ်
ညသန်းခေါင်အချိန်မှာ အောင်မြတ်သာတို့ ဆရာတပည့်တွေဟာ ဥသျှစ်ကုန်းရွာကနေ ထွက်လာခဲ့ကြတယ်။ ထွက်လာခဲ့တဲ့ အကြောင်းအရင်းကလည်း ရှိသေးတာကိုး။ ဘာကြောင့်လဲဆိုတော့ ဘုရားထီးတင်နေတဲ့အချိန်မှာ အောင်မြတ်သာရဲ့ နှာခေါင်းထဲ သွေးညှီနံလိုလို အနံ့တစ်မျိုး ရနေခဲ့တယ်။ ဒါက မကောင်းတဲ့ အတိတ်နိမိတ် ဖြစ်တယ်ဆိုတာ သိတဲ့အောင်မြတ်သာက ထီးတင်ပွဲပြီးတာနဲ့ စေတီမှာထိုင်ပြီး အာရုံခံလိုက်တဲ့အခါ မျက်လုံးထဲမှာ လူအသွေးအသားတွေကို ဆောင့်ကြောင့်ထိုင်ပြီး အားပါးတရ စားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်ရလို့ပဲ။ အဲဒီအမြင်ကြောင့်ပဲ ညတွင်းချင်း ရွာကနေ ထွက်လာခဲ့ရတာ ဖြစ်တယ်။ ဒီတစ်ခေါက်သွားရမယ့် နေရာကို အတိအကျတော့ မသိပေမယ့် အောင်မြတ်သာ မြင်ရတာက ဆေးအနီသုတ်ထားတဲ့ အုတ်ဂူရှိတဲ့ သင်္ချိုင်းတစ်ခုနဲ့ သင်္ချိုင်းရဲ့ ဘေးမှာတော့ နှစ်ကာလကြာမြင့်စွာ ပေါက်နေ မန်ကျီးပင်တစ်ပင်။ ကဲ … အောင်မြတ်သာနဲ့ မရဏခေါ်သံမှာ ဘယ်လို စိတ်ဝင်စားစရာ၊ ထိတ်လန့်စရာတွေ ကြုံရမလဲ ဆိုတာကို စာချစ်သူတို့ သိချင်နေကြပြီ ဆိုရင်တော့ …