အောင်မြတ်သာနှင့် ဘူးစင်တစ်ထောင်ရွာ

ဇယေန(ရာမည)

200 Kyats ကျပ်
ဒီအပိုင်းမှာတော့ ဘူးစင်တစ်ထောင်ရွာကို အောင်မြတ်သာတို့ ဆရာတပည့်တွေ ရောက်သွားပြီ။ ရွာထဲဝင်ဝင်ချင်း အောင်မြတ်သာက တွန်းအားတစ်ခုကို ခံစားလိုက်ရတယ်။ တကယ်တော့ အဲဒီရွာတစ်ရွာလုံးနီးပါး အဆင့်မြင့်ပညာသည်တွေကြီးပါပဲ။ ရွာထဲဝင်ပြီးသွားရင် ပြန်ထွက်ဖို့လည်းမလွယ်ပါဘူး။ ရွာထဲက အိမ်တချို့က အောင်မြတ်သာတို့ကို ပညာစမ်းကြတယ်။ အိမ်တစ်အိမ်ကတော့ အောင်မြတ်သာတို့ကို ရန်မမူဘူး။ အိမ်ရှင်က ပညာပြိုင်ပွဲတစ်ခုရှိလို့ သူ့သမီးလေးပညာကို ကြည့်ပေးပါလို့ပဲတောင်းဆိုတယ်။ ကလေးရဲ့ ပညာကလည်း မသေးဘူးဗျ။ ပညာသည်တွေရဲ့ ပညာပြိုင်ပွဲတွေ၊ ရွာတည်မိခင်ကြီး ခုနစ်ယောက်ထဲက အစွမ်းထက်ဆုံးဖြစ်တဲ့ အဘွားလွန်းအိမ်နဲ့ မဟူရာကြိုးနက်ဂိုဏ်း စတဲ့စတဲ့ စိတ်ဝင်စားစရာတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။