အောင်မြတ်သာနှင့် ဘီလူးမွေးတဲ့ရွာ

ဇယေန(ရာမည)

200 Kyats ကျပ်
ဒီအဖြစ်အပျက်က ကျွဲတဲရွာ ဆိုတဲ့ ရွာမှာဖြစ်ခဲ့တာ။ သူကြီး ဦးစည်မြိုင်ရဲ့ ဇနီးဖြစ်သူ မြပွင့်က သူ့ဗိုက်ထဲကို ဘီလူးနှစ်ကောင် ဝင်သွားတယ်လို့ အိပ်မက်မက်တယ်။ သိပ်မကြာပါဘူး ကိုယ်ဝန်ရလာရော။ ကိုယ်ဝန်ရတဲ့ အချိန်ကစပြီး မြပွင့်က အသားငါးကို စွဲလမ်းလာတယ်။ မွေးတော့လည်း ကလေးနှစ်ယောက်မှာ အစွယ်လေးတွေနဲ့။ လက်သည်က ဘီလူးလေးတွေဖြစ်လို့ သတ်ပစ်ဖို့ပြောပေမဲ့ ဦးစည်မြိုင်က လက်မခံခဲ့ဘူး။ ဒီလို ကျွဲတဲရွာ သူကြီးက ဘီလူးနှစ်ကောင်ကို မွေးထားမိရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ… ဝတ္ထုထဲမှာ ဖတ်ကြည့်ကြပါနော်။