အောင်မြတ်သာနှင့် ကလေးသရဲ

ဇယေန(ရာမည)

200 Kyats ကျပ်
⚫ ဘိဇလပ်ရွာလေးဟာ အရင်တုန်းက သာသာယာယာပါပဲ။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်း ကလေးသရဲတစ်ကောင် လူတွေကို လိုက်ခြောက်လှန့်နေလို့ တစ်ရွာလုံး ထိတ်လန့်နေကြတယ်။ ခြောက်လှန့်ခံရတဲ့ လူကတော့ အစုံပဲ။ ရည်းစားနဲ့ ချိန်းတွေ့ဖို့ သွားတဲ့သူ။ ညဖက် အခင်းကြီးသွားတဲ့သူ။ နောက်ဆုံး ဖိုးသူတော်နဲ့ ကိုရင်လေးတွေကိုပါ ခြောက်လှန့်လာတယ်။ တစ်နေ့တော့ ယောဂီဝတ် လူစိမ်းသုံးယောက်က ရွာကို ရောက်လာပြီး ကလေးသရဲ ခြောက်လှန့်နေတဲ့ အကြောင်းကို သူတို့သိတယ် ပြောကြတယ်။ တကယ့်အကြောင်းအရင်းကလည်း သနားဖို့ အရမ်းကောင်းပါတယ်။ သနားဖို့လည်းကောင်း၊ ကြက်သီးထစရာလည်းကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့ ဖတ်ကြည့်ကြပါဦး!