အောင်မြတ်သာနှင့် ကညင်ပင်စောင့်နတ်

ဇယေန(ရာမည)

200 Kyats ကျပ်
⚫ တချို့လူတွေက တစ်ဘဝလုံး အကုသိုလ်အလုပ်တွေ လုပ်လာခဲ့ပေမယ့် ကုသိုလ်ကောင်းမှုလေး တစ်ခါတလေလုပ်ခဲ့လို့ သေသွားတဲ့အခါမှာ နာနာဘာဝဖြစ်ရင်တောင် နေရာအပိုင်စားရတာတို့၊ နတ်စိမ်းဖြစ်တာတို့၊ အစွမ်းအာဏာရှိနေတာတို့ ရှိတတ်တယ်။ အခုစာအုပ်ကလည်း အဲဒီလိုဖြစ်နေတဲ့ နာနာဘာဝကောင်ကို အောင်မြတ်သာတို့ ဆရာတပည့်တစ်စု ဆုံးမတဲ့အကြောင်းပါ။ ⚫ ကရင်ပြည်နယ် အဇိုင်းရွာမှာ တစ်ရွာလုံးကလူတွေ ရွာထဲမှာမနေရဲဘဲ တောထဲသွားနေရတဲ့ အထိ ဆိုးသွမ်းသောင်းကျန်းတဲ့ နာနာဘာဝကောင်။ အဲဒီကောင်က ဘယ်လိုကောင်မျိုးလဲ၊ ဘယ်လောက်အထိတောင် ကြိုးစားပြီးဆုံးမခဲ့ရလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ပြောပြထားပါတယ်။